87

7.8K 1.5K 92
                                    

ချောင်းဆိုးသံတိုးတိုးက ချီယူ၏အတွေးများအား နှောက်ယှက်လိုက်သည်။ ဗိုလ်ချုပ်ကြီး၏ အမူအရာ ပုံမှန်ဖြစ်လာသည်ကို တွေ့သောအခါမှ စစ်ဗိုလ်က စပြောသည်။ " တတိယမင်းသားက ဗိုလ်ချုပ်ကြီးနဲ့ ဆွေးနွေးစရာတစ်ခုရှိလို့ သူ့ရဲ့တဲကို လာဖို့အတွက် ဗိုလ်ချုပ်ကြီးကို ဆင့်ခေါ်လိုက်ပါတယ်။ "
ချီယူက တုံ့ပြန်လိုက်သည်။ တတိယမင်းသားဟု ကြားလိုက်သည်နှင့် သူ၏မျက်ခုံးကြား၌ ခက်ထန်ပုံပေါ်လာကာ အရှိန်အဝါက နက်နဲလာသည်။ ထွက်မသွားခင်တွင် သူကခေါက်ယပ်တောင်အား ပိုသားလက်ကိုင်ပုဝါနှင့် ဂရုတစိုက်ထွေးပတ်လိုက်သည်။

ထိုယပ်တောင်ကို ရှားပါးသောရတနာကဲ့သို့ တန်ဖိုးထားနေသည့် ချီယူအားကြည့်ကာ စစ်ဗိုလ် သွားထပ်ကျင်လာသည်။ သူကောင်းကောင်းစိတ်ထိန်းပြီးသောအခါမှ ချီယူ၏အနားသို့ ကပ်သွားကာ တတိယမင်းသားအကြောင်း အသေးစိတ်တင်ပြလိုက်သည်။

"ဗိုလ်ချုပ်ကြီး ခင်ဗျ၊ အခုတလော တတိယမင်းသားက ဒေသခံအင်အားတွေကို စုနေပါတယ်။ သူအင်အားကြီးချင်လာမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ "

အင်အားကြီးလာမှာလား။ ချီယူ၏မျက်ဝန်းများ၌ လှောင်ပြောင်သရော်ရိပ်များ ထင်လာသည်။ တတိယမင်းသားက လတ်တလောတွင် ဘာစစ်သားများစုဆောင်းနေသည်အား သူမသိသော်လည်း သူစုစည်းထားမည့် ဒေသခံတပ်ဖွဲ့များမှာ မင်းသားကြီးလက်အောက်မှ မြို့စောင့်တပ်များနှင့်ယှဉ်၍မရပေ။ သူတို့ မြို့တော်သို့ ရောက်သွားလျှင်ပင် ပုန်ကန်သူများအဖြစ် ဖမ်းဆီးခံရမည်သာဖြစ်သည်။

မင်းသားကြီးကို အသေအချာအလဲထိုးနိုင်ရန်အတွက် ချီယူက မြောက်ပိုင်းသို့ စာတိုပို့လိုက်ပြီး လူများနှင့်မြင်းများ ခေါ်ထားသေးသည်။

သူ တတိယမင်းသား၏ တဲထဲသို့ရောက်သောအခါ ယန်လန်က ဒေသခံအရာရှိအချို့နှင့်အတူ မြေပုံစားပွဲဘေး၌ မတ်တပ်ရပ်နေသည်။သူက ချီယူရောက်လာသည်ကို တွေ့သောအခါ ဘေးမှလူများကို မေ့ထားလိုက်ပြီး ချီယူအားနွေးထွေးသော မျက်နှာထားဖြင့် နှုတ်ဆက်သည်။ "ဗိုလ်ချုပ်ကြီးချီ ရောက်လာတာ မြန်တာပဲ။ ကိုယ်တော့်မှာ ဗိုလ်ချုပ်ကြီးကို တာဝန်ပေးစရာကိစ္စရှိတယ်။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now