159.2 (Extra)

14.6K 1.4K 133
                                    

တင်ဆက်သူက နောက်ဆုံးတွင်တော့ အဓိကအပိုင်းသို့ရောက်လာပြီဟု ခံစားမိလိုက်သဖြင့် ဤကလေးများ၏ စိတ်ပိုင်းဆိုင်ရာဒဏ်ရာကိုလစ်လျူရှုကာ သူတို့မည်မျှ နှိပ်စက်ခံရကြောင်း မေးချင်သည်။ "မကောင်းဆိုးဝါးကြီးက မင်းတို့ကို ဘာလုပ်ခဲ့တာလဲ။ သူကမင်းတို့ကိုရိုက်လား။"

ကောင်လေးက ခေတ္တမျှတွေးပြီးနောက် ပါးပေါ်လက်တင်၍ ပြောလိုက်သည်။ "သူက သားတို့ကို အလင်းတန်းထွက်တဲ့မျက်လုံးကြီးနဲ့ကြည့်တာ။ အဲ့ဒါက ကြောက်စရာကောင်းတယ်။ အဲ့ဒါကြောင့် သားတို့ အိပ်ရာစောစောဝင်ရတယ်။"

"..." တင်ဆက်သူကော၊ တိုက်ရိုက်ကြည့်ရှုနေသူများပါ ဆွံ့အသွားကြသည်။ ၎င်းကသူတို့ထင်ထားသည်နှင့် ကွာခြားနေသည်။

ဘာကို အလင်းတန်းကြီးလဲ။

တင်ဆက်သူက အခြားစိတ်လှုပ်ရှားစရာကို ရှာရန်ပူပန်နေစဉ်တွင် ကောင်လေးမှ ရုတ်တရက်ပြောလာသည်။ " သူက သားတို့ကို အဆိပ်လည်းကျွေးတယ်။"

ဤစကားကိုကြားသည်နှင့် ပရိသတ်အားလုံး အလေးအနက်ဖြစ်လာကြသည်။ အဆိပ်ကျွေးတာလား။ ဘာအဆိပ်လဲ။ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် မူးယစ်ဆေးသုံး၍နှိပ်စက်သောအမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။ ဤမိဘမဲ့ဂေဟာက ထိုအဖြစ်အပျက်နှင့်လည်း ဆက်စပ်နေသည်လား။

တင်ဆက်သူကလည်း စိတ်လှုပ်ရှားလာကာ ကျည်ဆန်ကဲ့သို့မြန်မြန်မေးလိုက်သည်။ "အဆိပ်ဟုတ်လား။ အဲ့ဒါက ဘယ်လိုဟာမျိုးလဲ။ သူက မင်းတို့ကို အဲ့ဒါကို ဘယ်လိုပုံစံနဲ့ကျွေးတာလဲ။ မင်းအဲ့ဒါကို စားပြီးတော့ ဘယ်လိုခံစားရလဲ။"

ကောင်လေးက မြေကြီးပေါ်သို့ ညွှန်ပြသည်။ မြေကြီးပေါ်၌ ဟိုတစ်စဒီတစ်စပြန့်ကြဲနေသော ကွတ်ကီးများအား တင်ဆက်သူတွေ့လိုက်ရသည်။ ဤကွတ်ကီးများ၏ ပုံမှာအလွန်လှပပြီး အရောင်မှာလည်း အလွန်ဆွဲဆောင်မှုရှိသည်။

အချို့သော ကွတ်ကီးများမှာ စားပြီသားဖြစ်ကာ အချို့ကို ကလေးများက ကစားရန် လက်ထဲတွင်ကိုင်ထားကြသည်။

ထိုအချိန်၌ တင်ဆက်သူသဘောပေါက်သွားသည်။ ထောင့်တွင် မှိုစိုက်နေသည်ဟု သူထင်ခဲ့သောကလေးများ၏လက်ထဲ၌ ရှိနေသည်မှာ လက်ရာမြောက်သောကွတ်ကီးများဖြစ်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၌ ခေတ္တမျှ ငြိမ်သွားပြီးနောက် တုန့်ပြန်မှုအချို့ပေါ်လာသည်။

🎉 You've finished reading ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီး 🎉
ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now