132

8.1K 1.4K 114
                                    

နိုင်ငံတကာဂီတပွဲတော်၏ ဗိုလ်လုပွဲရလဒ်က ဤအဖြစ်အပျက်ကြောင့် ထပ်ကာထပ်ကာ နှောင့်နှေးနေသည်။ ဖြစ်စဉ်အလယ်တွင် ချန်ပီယံ ဆုဖလားက ရှန်ချန်ကျင်းထံ ချီးမြှင့်ခံရလုနီးပါး ဖြစ်သွားသဖြင့် တကယ့်အနိုင်ရရှိသူ ရှန်ချန်ယွီအတွက် တရားမျှတမှုရှိရန်အတွက် စီစဉ်သူသည် ရှန်ချန်ယွီအား ကိုယ်တိုင်ရေးဖွဲ့ထားသည့် တေးသွားဖြစ်သော 'သုခဘုံအကြောင်းအိပ်မက်' ကို နောက်တစ်ခါ တီးခတ်ရန် တောင်းဆိုခဲ့သည်။

ဤတစ်ကြိမ်တွင် သံသယအားလုံးပြယ်သွားကာ နောက်ဆုံးတွင်တော့ ပရိသတ်က ဤဝမ်းနည်းဖွယ်ကောင်းကာ နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေသော လက်ရာကို စိတ်ပါလက်ပါ ခံစားနိုင်တော့သည်။

ယခုအခါ ရှန်လီယန်က လူကုန်ကူးမှုအတွက် ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီး ကြံရာပါဖြစ်သူ ရှန်ချန်ကျင်းက ရှန်လီယန်မျှ ပြစ်ဒဏ်မများသော်လည်း ထောင်ချခံလိုက်ရသည်။

အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်တွေ့ခဲ့ရသော အင်တာနက်သုံးစွဲသူများမှာ လောင်းကစားကြွေးကျေရန်အတွက် မွေးစားသားအား လောင်းစားရုံသို့ရောင်းရန် ကြိုးပမ်းခဲ့သည့် အဖေက အဖမ်းခံရပြီး ထောင်ချခံလိုက်ရသည်ကို မြင်သောအခါမှ အတော်အတန်စိတ်သက်သာရာရသွားသည်။

ရှန်ချန်ယွီက လောင်းကစားရုံသို့ အရောင်းခံရလုဆဲဆဲ ဖြစ်သွားခြင်းနှင့် ဘယ်ဘက်နားကန်းသွားသည်အထိ ကလေးအရွယ်ကတည်းက အနိုင်ကျင့်ခံခဲ့ရခြင်းစသည့် ကြောက်မက်ဖွယ်ဖြစ်ရပ်ကြောင့် လူတိုင်းက မိဘများထံမှ စွန့်ပစ်ခံရသည့် လူ့အဖွဲ့အစည်းအတွင်းရှိ မိဘမဲ့များအား များစွာအာရုံစိုက်လာကြသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့က အလွန်ကောင်းမွန်သော မိသားစုထံမှ မွေးစားခံလိုက်ရပုံပေါ်သော်လည်း ကိုယ်ပိုင်အခွင့်အရေး ရမရကို အာမမခံနိုင်ဘူးမဟုတ်လား။

ယခုအခါ ပရိသတ်က စင်ပေါ်မှ ရှန်ချန်ယွီအား ကရုဏာဖြင့်ကြည့်နေကြသည်။ ရှန်မိသားစုကဲ့သို့ ဂီတမိသားစု၌ မွေးစားခံခဲ့ရခြင်းသည် မိဘမဲ့တစ်ယောက်အတွက် ကြီးမားသောကောင်းချီးတစ်ခုဟု သူတို့ထင်ခဲ့သည်။ ယခုကြည့်ရသည်မှာ ၎င်းကဤဆယ်ကျော်သက်ကောင်လေးအတွက် အကြီးမားဆုံး ကံဆိုးမှုပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now