2

28K 2.4K 47
                                    

" တစ်ခုခု ကွဲကြေသွားတဲ့အသံမျိုး ကြားလိုက်လား။ "

"အခြေအနေတွေ သိပ်ပြင်းထန်နေတဲ့ပုံပဲ။" လင်ယွီဟောက်က အကြောင်းသိစွာ ပြုံးလိုက်ပြီး နားနေခန်းတံခါးကို ခေါက်လိုက်သည်။

"နျင်းကော၊ ဒီထဲမှာလား။ "

"အမ်း.." နျင်းချန်ယွမ် ဖြည်းဖြည်းချင်း ခေါင်းငုံ့လာပြီး ချင်းယွင်၏ နူးညံသည့် မရင့်ကျက်သေးသော မျက်နှာနားသို့ တိုးကပ်လိုက်သည်။

ချင်းယွင်၏ မျက်နှာအမူအရာက မပြောင်းမလဲ တည်ငြိမ်ပြီး အေးဆေးနေသည်။ ၎င်းကိုမြင်သောအခါ နျင်းချန်ယွမ် သူ့အောက်က ကောင်လေးကို လေးစား၍ သက်ပြင်းချမိသည်။

" နျင်းကော "

တံခါးနောက်မှ ပြန်ဖြေသံမကြားရသော်လည်း တံခါးဖွင့်သံ တိုးတိုးထွက်လာသည်။ နျင်းချန်ယွမ် အနည်းငယ် မော့ပြီး အသံရှတတဖြင့် ပြောလိုက်သည်။ "ယွီဟောက်၊ မင်းဒီအချိန် ဝင်လာရင် ငါ့အချိန်ကောင်းလေးကို ဖျက်ဆီးမိသွားလိမ့်မယ်။ "

တံခါးအနည်းငယ် ဖွင့်လိုက်သောကြောင့် မြင်ရသော နေရာလွတ်လေးဆီမှတစ်ဆင့် ဆိုဖာပေါ်တွင် ထပ်နေကြသော ပုံရိပ်နှစ်ခုကိုတွေ့လိုက်ရသဖြင့် လင်ယွီဟောက် ရယ်ရွှင်လိုဟန် ပြုံးလိုက်သည်။ အလှလေးတစ်ယောက်ကို ကြုံလိုက်တာနဲ့ လွယ်လွယ်ကူကူ မျက်ကန်းတတ်တာပဲ။ နျင်းမိသားစုကို နျင်းချန်ယွမ် လက်ထဲမှာထားခဲ့တာ ဘာကောင်းကျိုးမှရှိလာမှာ မဟုတ်ဘူး။ သူ့အတွက် ပိုအသုံးဝင်တာပေါ့။

သူက တံခါးကို ပြန်ပိတ်လိုက်ပြီး သူ့အတွဲအားဆွဲ၍ အဝေးသို့ ထွက်သွားသည်။ "နျင်းကောက အခုလောလောဆယ် အလုပ်များနေတဲ့ပုံပဲ။ ကိုယ် သူ့ကို နောက်မှ သွားနှုတ်ဆက်လိုက်မယ်။ "

ကောင်းကင်ဘုံကျင့်ကြံသူ၏ အငွေ့အသက်က တဖြည်းဖြည်း အဝေးသို့ ရောက်သွားပြီး လုံးဝပျောက်ကွယ်သွားသည်။

သို့သော် ချင်းယွင်က စိတ်ဒုန်းဒုန်းမချနိုင်သေးဘဲ လင်ယွီဟောက်၏ လှုပ်ရှားမှုများကိုသာ ဆက်လက် အာရုံစိုက်နေသည်။

" ထိလို့မဝသေးဘူးလား။ "

နျင်းချန်ယွမ်က ချင်းယွင်၏ နားထဲသို့ တီးတိုးပြောဆိုလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးDove le storie prendono vita. Scoprilo ora