44

12K 1.6K 212
                                    

ဇာတ်ညွှန်းကို ဘေးချလိုက်ပြီးနောက် ချင်းယွင်က ဟယ့်လန်နောက်သို့ အနည်းငယ် မသက်ညှာလိုသည့်ပုံဖြင့် လိုက်လာခဲ့သည်။

ဟယ့်လန်က ချင်းယွင်၏ စိတ်ခံစားချက်အား သတိမပြုမိသော်လည်း သူမ မျက်ခုံးကြားတွင် တုန့်ဆိုင်းနေပုံပေါ်သည်။ ထိုလူငါးယောက် နှင့်ယှဉ်လျှင် ဟယ့်လန်အမေးချင်ဆုံးမှာ ပွဲသို့သွားခဲ့သည့် ညကချင်းယွင်ဘာဖြစ်ခဲ့သလဲ ဆိုတာပင်။ သို့သော် အချို့သောအကြောင်းပြချက်များကြောင့် သူမ မမေးသည်မှာ ပိုကောင်းမည်ဟု ခံစားမိသည်။

" မင်းလိုချင်တာတွေ ကိုယ်ပေးနိုင်ပါတယ်။ အဲ့အရှုပ်ထုပ်တွေကိုလဲ ကိုယ်တားပေးနိုင်တယ်။ ဒါ့ကြောင့် မင်းကိုယ့်အပေါ် မှီခိုဖို့ ကြိုးစား..."

စားပွဲနောက်၌ ထိုင်နေသည့် နျင်းချန်ယွမ်မှာ သူ့လက်ထဲက မှတ်စုစာအုပ်မှ စာလုံးများအား တစ်လုံးချင်းစီ ဖတ်နေရင်း လေ့ကျင့်နေသည်။ " မင်းကိုယ့်အပေါ် မှီခိုဖို့ကြိုးစားနိုင်....မင်းကိုယ့်အပေါ် မှီခိုဖို့ ကြိုးစားနိုင်..."

မျက်လုံးပိတ်ပြီး ၎င်းအားအလွတ်ကျက်နေရင်း သူယခုတစ်ကြိမ်၌ သင့်လျော်စွာပြောရမည်ဟု နျင်းချန်ယွမ် ဆုံးဖြတ်ထားသည်။

အလွတ်ကျက်ပြီးနောက် နျင်းချန်ယွမ်က သူ့စားပွဲပေါ်မှ စာရွက်စာတမ်းများအား မြင်သောအခါ ဆံပင်ကို ကူကယ်ရာမဲ့စွာ ဆုပ်ကိုင်လိုက်ပြီး စားပွဲပေါ်သို့ ခေါင်းနှစ်ချက် တိုက်လိုက်သည်။

ယောက်ျား ငါးယောက်! သူ့ကို လိုက်ပိုးနေတာ တကယ်ကြီး ငါးယောက်တောင် !

ထို အသေးလေး ချင်းယွင်က သူ့ကိုဆေးခတ်နိုင်လျှင် အခြားသူများအားလည်း ဆေးခတ်နိုင်သည်။ ဒီကောင်လေးကို မျက်စိတစ်မှိတ်အတွင်း လက်လွှတ်လိုက်ရနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပေဘူးလား။ အခုကစပြီး သူ့ကို ကောင်းကောင်း ကာကွယ်ရမည်။

" ဒေါက် ဒေါက် ဒေါက် " တံခါးခေါက်သံ ​ထွက်လာသည်။နျင်းချန်ယွမ် ခါးမတ်သွားသည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှတစ်ဆင့် သူ့နဖူးအရာထင်နေသည်အား တွေ့သောအခါ လက်ဖြင့် ချက်ချင်းပွတ်လိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now