73

8.1K 1.4K 105
                                    

လူငယ်လေး၏ မျက်နှာအား တွေ့လိုက်ရသောအခါ ယိုဒါချက်ချင်းမျက်မှောင်ကြုတ်သွားသည်။ ရှန်မင်းရယ်ကို ဗီးနပ်၏ အပြင်ဘက်တွင် တွေ့လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ အကြောင်းရင်းမှာ လူငယ်လေး၏ အကျင့်စရိုက်ကောင်းအရ ဗီးနပ်ကဲ့သို့နေရာနှင့် လုံးဝမအပ်စပ်ပေ။

သူလူငယ်လေး၏ အနားကပ်လာသောအခါ မီးရောင်မှိန်မှိန်အောက်တွင် လူငယ်လေး၏ ဖူးရောင်နေသော နှုတ်ခမ်းများနှင့် လည်ပင်းဘေးဘက်မှ အနီမှတ်များအား တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ချက်ချင်းခက်ထန်လာကာ လူငယ်လေးအား ဆွဲ၍မေးလိုက်သည်။ "ဘယ်သူလဲ။ မင်းကို ဘယ်သူကဒီနေရာ ခေါ်လာတာလဲ။ဒီနေရာက ဘယ်လိုနေရာမျိုးဆိုတာ၊ ဘယ်လောက်တောင် အန္တရာယ် ရှိတယ်ဆိုတာ မင်းမသိဘူးလား။ "

"ခင်ဗျား.... ဖုန်းဖေ့မင်ကို မပြောနဲ့နော်။ "လူငယ်လေး၏ ဤစကားတစ်ခွန်းကိုသာ ရှေ့နောက်မစဉ်းစားဘဲ ပြောလာသည်။ ဒေါသများ ပြည့်လျှံနေသော ယိုဒါ၏နှလုံးသားမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။

ရှန်မင်းရယ်က မလျှော့တမ်း ဆက်ပြောသည်။ "အန္တရာယ်များမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် အခုကျွန်တော် လွတ်လာတာပဲ မဟုတ်လား။ လှည့်စားခံရမယ်လို့ မထင်ထားမိလို့သာ..."

ချင်းယွင်က သူ၏ခံစားချက်အား ထိန်းညှိထားပြီးဖြစ်ရာ သရုပ်ဆောင်စွမ်းရည်က အစွမ်းပြလာပြန်သည်။ ယိုဒါက အေဟတ်၏ သားဖြစ်သော်လည်း ညှဉ်းဆဲခံရမည်ပင်။ ဤကိစ္စနှင့်ပက်သက်၍ ထိုယောက်ျားကလည်း စိတ်ကွက်မည်မဟုတ်ဟု သူထင်သည်။

ဖုန်းဖေ့မင်...ထပ်ပြီး ဖုန်းဖေ့မင်ပဲလား။ ဘာလို့ သူ့အကြောင်းပဲ တွေးနေတာလဲ။

ယိုဒါက အနည်းငယ် မသပ်မရပ်ဖြစ်နေသော လူငယ်လေးကို ကြည့်ကာ စိတ်ထဲတိတ်တဆိတ် မေးမိသည်။ သူက တိတ်ဆိတ်နေသော ရှန်မင်းရယ်ကို အတော်ကြာကြည့်နေကာ လူငယ်လေး၏ မျက်နှာတွင် သိသိသာသာ စိုးရိမ်ပူပန်မှုပေါ်လာသောအခါမှ စကားပြောသည်။ "မင်းက ဒီကို ဘာအတွက် လာတာလဲ။ ကိုယ့်ကိုပြော။ မင်း လုပ်တာ မှန်တယ်လို့ ကိုယ်ထင်ရင် ဖုန်းဖေ့မင်ကို ပြန်မပြောဘူး။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now