63 (Arc 6)

13.2K 1.5K 99
                                    

ဤတစ်ကြိမ်၌ ချင်းယွင် နူးညံ့သော King-sized အိပ်ရာပေါ်နိုးလာရာ မျက်ဝန်းထဲ အံ့ဩမှုထင်ဟပ်လာသည်။ သူဖြတ်သန်းလာခဲ့သမျှ အရင်ကမ္ဘာများတွင် အခြအနေမျိုးစုံ ရင်ဆိုင်ခဲ့ရဖူးသည်။ ဤကဲ့သို့ တည်ငြိမ်တိတ်ဆိတ်သော အစမျိုးနှင့် တွေ့ရသည်မှာ ပထမဆုံးပင်။

ချင်းယွင် ဖြည်းဖြည်းချင်း ထထိုင်ရင်း အခန်းထဲမှ ပရိဘောဂများကို စူးစမ်းလိုက်သည်။

အခန်းက ကျယ်သော်လည်း စီစဉ်ထားမှုမှာ ရိုးရှင်းသည်။ ကြီးမားသာစာအုပ်စင်ကြီးက အခန်းပိုင်ရှင်၏ အကြိုက်ကို ဖော်ပြနေသည်။ ဤကဲ့သို့သော အခန်း၌နေသော လူသည် စာဖတ်ခန်းမဖွဲ့ထားလောက်ရာ အိပ်ခန်းထဲ၌ စာအုပ်များစွာ ရှိနေသည်။ ပိုင်ရှင်က စာအုပ်များ ကိုအလွန်နှစ်ခြိုက်ကြောင်း မြင်လွယ်သည်။

အခန်းထဲမှ မှန်ကြီး၌ ချင်းယွင်၏ ယခုခန္ဓာကိုယ်ပုံရိပ်ထင်နေသည်။အိပ်ရာပေါ် ထိုင်နေသော လူငယ်လေးက အနည်းငယ်မတ်နေသော်လည်း နူးညံ့သိမ်မွေ့မှုလည်း ဖော်ပြနေသည်။ အုန်းခွံရောင်ဖျော့ဖျော့ဆံနွယ်က သိမ်မွေ့မှုကို ပိုထင်ရှားစေသည်။

ချင်းယွင်၏ စိတ်ဝိညာဉ်က ဤကမ္ဘာ၏ အချက်အလက်ကို လက်ခံရရှိခဲ့သည်။

သူ၏ ယခုအမည်သည် ရှန်မင်းရယ် ဖြစ်သည်။ အပေါ်ယံကြည့်လျှင် သူက E တိုင်းပြည်၊ အနုပညာတက္ကသိုလ်မှ ကျောင်းသားသစ်လေးဖြစ်သော်လည်း သူက E တိုင်းပြည်၏ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်သူ ပက်တာဆန်မိသားစုမှ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။ သူသုံးလေ့ရှိသော နာမည်သည် C တိုင်းပြည်မှ သူ့အမေ၏ မျိုးရိုးနာမည် ဖြစ်နေရုံသာ။

ရှန်မင်းရယ်က အနုပညာနှင့် နုနယ်သောခံစားချက်များအပေါ်ပြင်းထန်စွာယုံကြည်သည်။ ရှန်မင်းရယ်က သူ့မိဘများ၏ တစ်ဦးတည်းသောသားဖြစ်ရာ ကလေးဘဝကပင် အလိုလိုက်ခံထားရသည်။

ဤသို့ဖြင့် တစ်ဦးတည်းသော ဆက်ခံသူမှာ စီးပွားရေးကို လုံးဝစိတ်မဝင်စားသည့် အနုပညာအပေါ်ရူးသွပ်သော ပြဇာတ်ရေးသူဖြစ်လာသည်။

သူ့မိဘများက ၎င်းအဖြစ်ကို တွေ့သောအခါ စိုးရိမ်ပူပန်လာကာ လမ်းလွဲနေသောသားဖြစ်သူကို ပြန်ဆွဲခေါ်ချင်သော်လည်း ဘာမှမလုပ်ရသေးခင်ပင် ကားမတော်တဆမှုဖြင့် နှစ်ယောက်လုံး ကွယ်လွန်သွားသည်။ ထိုအချိန်တွင် တစ်မိသားစုလုံးက ပရမ်းပတာဖြစ်နေရာ ပက်တာဆန်အိမ်တွင်ကြီးပြင်းခဲ့သော ဖုန်းဖေ့မင်က ရှေ့ထွက်၍ အခြေအနေကို တည်ငြိမ်စေခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now