116

7.3K 1.4K 72
                                    

ယခင်ဂီတပါရမီရှင်က ထပ်မံ၍ အံ့ဘနန်း ဖျော်ဖြေခဲ့ပြန်သည်။ ခရူတဖ်၏ 'စီးဆင်းနေသောရေ' တစ်ပုဒ်လုံးကို အံ့ဩဖွယ်ရာ တင်ဆက်ခဲ့ပြီး ၎င်းနှင့်ပက်သက်၍ လူများ၏ထင်မြင်ချက်ကို အပြည့်အဝပြောင်းပြန်လှန်လိုက်သည်။

ဤသည်က ရှန်ချန်ယွီ၏ နာမည်ကိုလူထုအမြင်အောက် ပြန်ရောက်စေပြီး များစွာသောလူများသည် သူ၏ကလေးဘဝအတွေ့အကြုံများကို ပြန်လည်ဖော်ထုတ်ကြသည်။

မီဒီယာသည်လည်း သတင်းအနံ့ရသွားသည်။ သူတို့က ပဏာမရွေးချယ်မှုပြီးသည်အထိ စောင့်ပြီး ရှန်ချန်ယွီက နားနေခန်းထဲ၌ ထုပ်ပိုးနေစဉ်တွင် ကြားဖြတ်လာမေးသည်။

" 'စီးဆင်းနေသောရေ' နဲ့ပက်သက်ပြီး မင်းဘယ်လိုအမြင်ရှိတယ်ဆိုတာ မေးပါရစေ။ ' စီးဆင်းနေသောရေ' ကို ဒီလိုခံစားချက်ထည့်လိုက်တာက ခရူတဖ်ရဲ့ဘဝကိုမင်းနားလည်သွားလို့လား။ ဒါမှမဟုတ် မင်းရဲ့ကိုယ်ပိုင် ထင်ကြေးသက်သက်ပဲလား။"

နားနေခန်းထဲသို့ ဇွတ်ဝင်လာသော သတင်းထောက်က ရှန်ချန်ယွီအား ဆက်တိုက်မေးနေစဉ်တွင် ထိတ်လန့်နေသောလူငယ်လေးက ပုန်းရန်ကြိုးစားနေသည်ကို အခြားပြိုင်ပွဲဝင်များမှာ မနာလိုသောမျက်လုံးများဖြင့် လက်ပိုက်ကြည့်နေရသည်။

ရှန်ချန်ယွီ၏ အကျင့်စရိုက်အတိုင်း စောင့်ထိန်းနေသော ချင်းယွင်သည် စင်ပေါ်၌ တူရစ်ကို ခွန်းတုန့်ပြန်စဉ်က ထက်မြက်မှုအား ပြန်လည်ပြောင်းလဲလိုက်သည်။ သူက ခေါင်းငုံ့၍ တယောကိုကိုင်ထားရင်း သတင်းထောက်၏မေးခွန်းများအား ရှောင်ရှားကာ တိတ်နေပြီး စကားတစ်ခွန်းမှမပြောပေ။

သတင်းထောက်က ကင်မရာကို အကူအညီမဲ့စွာပုခုံးတွန့်ပြသည်။ "ကြည့်ရတာ ကျွန်တော်တို့ရဲ့ ဂီတပါရမီရှင်က ဘဝင်မြင့်တတ်တဲ့ ပါရမီရှင်ဖြစ်မယ်ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့ မေးခွန်းတွေကို မဖြေချင်တဲ့ပုံပဲ။"

သို့သော် ထိုအချိန်မှာပင် ကင်မရာကလူငယ်လေး၏ အမည်းရောင်ဆံပင်အောက်တွင် ပုန်းကွယ်နေသောနားရွက်များ နီရဲနေသည်ကို ဖမ်းမိသွားသည်။ သတင်းထောက်က ချက်ချင်းအားတက်သွားပြီး သူ့ဘေးနားလာကာထပ်မေးတော့သည်။ "ငါမေးပါရစေ၊ မင်းရှက်နေတာလား။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now