23

11.2K 1.6K 37
                                    

Zou Chen နှင့်အတူဆိုလျှင် Qing Yun က Xiao အိမ်၌ကြာကြာနေ၍မကောင်းပေ။ သို့သော် သူ Zou Chen နှင့် ရက်အနည်းငယ်အပြင်ထွက်နေသောအခါ Xiao အိမ်တွင် အဖြစ်အပျက် အကြီးကြီး တစ်ခုဖြစ်ခဲ့သည်။

"အမေ၊ ကျွန်တော်ပြန်လာခဲ့မယ်။ " Qing Yun က အမေ Xiao ၏ဖုန်းကိုချလိုက်ပြီး အပေါ်ထပ်အကျီယူကာ အပြင်ထွက်မည်ပြင်သည်။

မီးဖိုခန်းတွင် ပန်းကန်ဆေးနေသော ၊Zou Chen ကသူ့ကိုမြင်ပြီး အေပရွန်ဝတ်လျက်နှင့်ပင် သူ့အားပွတ်သီးပွတ်သပ်လာလုပ်သည်။ "Xiao မိသားစုဆီ သွားတော့မလို့လား။ ကိုယ်လည်း မင်းနဲ့လိုက်မယ်လေ။ "

"မလိုဘူး။ " Qing Yun ကသူ့အဆိုကို ငြင်းပယ်လိုက်သည်။ ယခု Xiao မိသားစုတွင် ထိုသို့ဖြစ်ပျက်နေချိန်တွင် သူသာ Zou Chen ကိုခေါ်သွားလျှင် အဖေ Xiao သူ့မျက်နှာကို ဘယ်မှာထားရမှန်းသိတော့မည် မဟုတ်ပေ။

အနည်းငယ်စဉ်းစားပြီးနောက် Xiao Chengzhe ၏လုပ်ရပ်တွေကို အဖေ Xiao ရှာတွေ့သွားပြီမှန်း Zou Chen သိလိုက်ရသည်။ သို့သော်သူက လက်မလွှတ်ချင်သေးဘဲ Qing Yun က်ိုဆွဲထားကာ လည်ပင်းဘေးကို ပွတ်နေသည်။ "မင်းရဲ့ အဲ့ဒီ့အစ်ကိုက အတော်လေး မရိုးမဖြာင့်အစီအစဉ်တွေ လုပ်ထားတာပဲ ကိုယ်မင်းအတွက် ဂရုစိုက်ပေးလိုက်ရမလား။ ကိုယ်မင်းကို စိုးရိမ်တယ်။ သိတယ်မဟုတ်လား။ "

"မလုပ်နဲ့။ ကျွန်တော်နဲ့ လွှတ်ထားပေး။အန္တရာယ်ရှိမှာ မဟုတ်ဘူး။ " Qing Yun က ငြင်းဆန်လိုက်သည်။ Xiao Chengzhe က အတော်ကြာ ငြိမ်သက်နေခဲ့သေးသည်။ သူက Qing Yun ကို ချောက်ချရန် ဘာမှမလုပ်ခဲ့ပေ။

နောက်ဆုံးတွင် Qing Yun က Xiao မိသားစုဆီ တစ်ယောက်ထဲသာ ထွက်လာခဲ့သည်။

အဖေ Xiao နှင့် Xiao Chengzhe က မျက်နှာချင်းဆိုင်ထိုင်နေသည်။ Xiao Chengzhe ၏ တစ်ကိုယ်လုံးပေါ်တွင် ထူးဆန်းသည့် စိတ်ပျက်နေသောအမူအရာရှိနေပြီး မျက်လုံးများက မှောင်မိုက်မွဲခြောက်နေသည်။ ကြည့်ရတာ Xiao Chengnuo နှင့် အဖြစ်အပျက်က သူ့အားရိုက်ချက်ပြင်းသွားပုံပင်။

အခြားတစ်ဖက်တွင် အဖေ Xiao ၏ ဆံပင်များက ဖြူဖွေးေနပြီး သူက အသက်ဆယ်နှစ်ခန့်ပိုကြီးသွားသလိုပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now