78

9.8K 1.5K 38
                                    

ယန်ဆာက တရားနည်းလမ်းကျကျ ထီးနန်းဆက်ခံလိုက်ရပုံပေါ်သော်လည်း ဝန်ကြီးများ ဦးနှောက်သုံး၍ စဉ်းစားသည်နှင့် သူဘာလုပ်ခဲ့သည်အား သိနိုင်သည်။ သူတို့အားလုံးက သူ့ကို လှောင်ပြောင်သရော်ကြပြီး အချို့မှာ သူတို့၏ ဇာတိမြို့များသို့ပင် ပြန်သွားရဲကြသည်။

ယန်ဆာမှာ ထီးနန်းကို ဆက်ခံလိုက်ပြီး ပလ္လင်ပေါ် ထိုင်ရသော်လည်း သူ၏စိတ်ဓာတ်ကျမှုကို မရှင်းလင်းနိုင်သေးပေ။ သူက တတိယမင်းသားထံမှ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ခဲ့ရသည်။ အခြားလူများက သူ၏ထီးနန်းဆက်ခံခြင်းကို သံသယဝင်နေမည်အား ထိတ်လန့်ခဲ့ရသည်။

ယန်ဆာသည် တတိယမင်းသားထံမှ အကွက်ချခံထားရသဖြင့် ဧကရာဇ်နှင့် ဝန်ကြီးများက သူ့အားယုတ်မာကာ စိတ်သဘောထား ကျဉ်းမြောင်းသည်ဟု ထင်နေကြသည်။ ဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ ယန်ဆာကိုယ်တိုင်က အတင်းအဖျင်းစကားများ၏ နှိပ်စက်မှုကို မခံနိုင်ခြင်းပင်။ ဇာတ်လိုက်ကို ဆန့်ကျင်သည့်အချိန်တိုင်း သူကအသူတစ်ရာနက်သောချောက်သို့ တစ်လှမ်းချင်းတိုးသွားသည်နှင့် တူသည်။

ညီလာခံတွင် ယန်ဆာမှာ ဝန်ကြီးများ၏ သူ့အားဆန့်ကျင်မှုနှင့် အသားမကျပေ။ ရာထူးကြီးကာ အာဏာရှိသော ဝန်ကြီးအချို့ကို တိုက်ရိုက် ခေါင်းဖြတ်လိုက်သည့် ရက်စက်သောနည်းလမ်းအား သုံးခဲ့သဖြင့် ညီလာခံအတွင်း ဝရုန်းသုန်းကားများ ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ယန်ဆာမှာ နိုင်လိုမင်းထက်ပြုမူသူ အာဏာရှင်ဟူသည့်ဂုဏ်ပုဒ် ရလာခဲ့သည်။

တစ်ချိန်ထဲမှာပင် တတိယမင်းသားယန်လန်က တော်ဝင်အမိန့်စာကိုသာမက မြောက်ပိုင်းဒေသမှ ဗိုလ်ချုပ်ကြီး ချီယူ၏ ထောက်ပံ့မှုကိုလည်း ရရှိခဲ့သည်။ ချီယူက မြောက်ပိုင်းစစ်တပ်၏ တစ်စိတ်တစ်ပိုင်းကို သုံးကာ တတိယမင်းသား မြို့တော်သို့ပြန်၍ ထီးနန်းဆက်ခံနိုင်ရန်အတွက် ကိုယ်တိုင်လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။

ယန်ဆာနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယန်လန်က ပိုအတွေ့အကြုံများကာ ထူးချွန်လာသည်။ သူက ပြည်သူပြည်သားများ၏ နှလုံးသားများကို ချက်ချင်းအရယူနိုင်လိုက်ကာ အချို့ဝန်ကြီးများ၏ ထောက်ခံမှုကိုပင် ရခဲ့သေးသည်။ လက်ထဲရှိနေသော တော်ဝင်အမိန့်စာနှင့်အတူ ယန်ဆာ၏ ထီးနန်းမတရားသိမ်းယူမှုအား အမှန်အတိုင်းဖော်ထုတ်နိုင်ခဲ့သည်။ ဝန်ကြီးများ၏ ထောက်ပံ့ပေးမှုဖြင့် ယန်လန်က ယန်ဆာ့အား အနိုင်ယူလိုက်နိုင်ကာ ထီးနန်းကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now