81

7.7K 1.4K 51
                                    

ချောင်းဆိုးသံက ခဏခဏထွက်လာသည်။ သူ၏နေမကောင်းဖြစ်နေပုံပေါ်သော ဇနီးအား ဆံပင်သပ်ပေးနေစဉ်တွင် ဝေ့လင်း၏ အကြည့်များ နူးညံ့နေသည်။ သူက အသက်ဆယ့်ရှစ်နှစ်တွင် ပညာသင်ဆုရရှိခဲ့ပြီး အခြားအရာရှိများကဲ့သို့ မိသားစုကျောထောက်နောက်ခံ မရှိခဲ့ပေ။ သူက ဆင်းရဲခဲ့ရာ သူ့ပညာရေးအတွက် အလုပ်လုပ်ကာ တိတ်တဆိတ်ထောက်ပံ့ပေးသည့် အမျိုးသမီးကိုသာ မှီခိုခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်၌ သူမအတွက်ကိုသာ ဝေ့လင်းစိတ်အပူရဆုံး ဖြစ်သည်။

ဧကရာဇ်ဟုန်းမျင်က တစ်ကိုယ်တော်သမားနောက်လိုက်များကို ပိုနှစ်သက်သဖြင့် ဝေ့လင်းမှာ ညီလာခံအကြီးအကဲအဖြစ် အခက်အခဲများစွာမရှိဘဲ ရာထူးတိုးနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်၌ ညီလာခံမှ အုပ်စုများကြားထဲတွင် သူသည်အန္တရာယ်အများဆုံးဖြစ်နေကြောင်း သူသိသည်။

အထူးသဖြင့် ယခုကဲ့သို့ မငြိမ်မသက်ဖြစ်နေသော အခြေအနေတွင် သူကယန်းဟွေး၏ ပထမအဆင့်အမတ်နေရာ၌ အစားထိုးခံလိုက်ရသည်။ ယန်းဟွေးက တတိယမင်းသားအား ထောက်ပံ့ရန် စိတ်အားထက်သန်နေခြင်းမှာ ဧကရာဇ်ဘက်မှ တစ်စုံတစ်ခုကို အရိပ်အယောင်ပြထားသောကြောင့်မှန်းလည်း ဝေ့လင်းသိသည်။ တတိယမင်းသား၏ လက်ထဲ၌ အဓိကသော့ချက် ရှိလိမ့်မည်။

ယခုအခါ မင်းသားကြီးက သူ့အားအသုံးပြုချင်နေရာ တတိယမင်းသား ညီလာခံသို့ပြန်လာသောအခါ သူ့တွင်ဘာဖြစ်လာနိုင်မည်မှန်း မသိချေ။

၎င်းမှာ သူ့ဇနီးအား အဝေးပို့ရလောက်သည်အထိ အကြောင်းရင်း မလုံလောက်ပေ။ သူ့အားဤသို့ ဆုံးဖြတ်စေသည်မှာ မင်းသားကြီးကိုယ်တိုင်ပင်။ မင်းသားကြီးက ရက်စက်သည်ဟု ဝေ့လင်းကြားဖူးသဖြင့် သူ့စိတ်ထဲ များစွာသံသယဖြစ်မိသည်။ အရင်ရက်အနည်းငယ်ကပင် မြို့စောင့်တပ်အကြီးအကဲ ဖန်ရွေကို မင်းသားကြီး ထိန်းချုပ်လိုက်သည်ဟု သူကြားရသည်။

ထို့ကြောင့်ပင် ဝေ့လင်းသူ့ဇနီးအတွက် စိုးရိမ်လာခြင်းပင်။ ထို့အပြင် သူ့ဇနီး ခံစားနေရသော အဆုတ်ရောဂါက တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာသည်။ ဝေ့လင်း သူ့ဇနီးအား ထပ်၍ဆိုးဆိုးရွားရွား မခံစားစေရက်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now