47

12.7K 1.5K 137
                                    

ထိုရုပ်ပုံအပိုင်းလေးကိုပင် ဓာတ်ပုံဘောင်ဖြင့် သေချာထည့်ထားသည်။ ဤရုပ်ပုံ၏ ပိုင်ရှင်မှာ ထိုအပိုင်းအစလေးနှင့် ထူးခြားသောလူငယ်လေးအား အလွန်ယုယမြတ်နိုးသည်မှာ သိသာသည်။

ပိုင်ရှီးယန်၏ လက်များ တုန်ခါသွားသည်။ ထိုတုန်ခါမှုမှာ သူ့တစ်ကိုယ်လုံးကိုပင် ပျံ့နှံ့သွားကာ ဓာတ်ပုံဘောင်အားကြည့်ရင်း သူ့မျက်လုံးများ သွေးရောင်ရဲလာသည်။ ပိုင်ရှီးယန်က သူ့လက်ထဲမှရုပ်ပုံဘောင်အား ရုတ်တရက်ဝေးဝေးပစ်လိုက်ပြီး အိမ်တစ်အိမ်လုံးကို ခြောက်ခြားစွာဖြင့် မွှေနှောက်ရှာဖွေတော့သည်။

ထောင့်အသေးလေးမျှပင် မကျန်အောင်ရှာဖွေပြီးနောက် ပစ္စည်းအချို့အား ရှာတွေ့ခဲ့သည်။

မဂ္ဂဇင်း၊ ရုပ်ပုံစာရွက်နှင့် အခြား ဆန်းဆန်းပြားပြားပစ္စည်းများ ရှာတွေ့ခဲ့ရာ အားလုံးမှာ ချင်းယွင်နှင့် သက်ဆိုင်နေသည်။ ၎င်းပစ္စည်းများအား တန့်ယွင်ချီက ကုမ္ပဏီမှာသာ သိမ်းလေ့ရှိသည်။ ပိုင်ရှီးယန်အိမ်ပြန်မလာသည်မှာ လတစ်ဝက်ခန့်ရှိနေပြီဖြစ်၍သာ တန့်ယွင်ချီက အိမ်ပြန်ယူလာတာဖြစ်သည်။

ထိုပစ္စည်းများအားကြည့်ပြီး ပိုင်ရှီးယန်မျက်ရည်တစ်စက်ပင် မကျနိုင်တော့ပေ။ သူ့ဘက်မှာရှိသော တစ်ဦးတည်းသောသူမှာ တန့်ယွင်ချီဖြစ်သည်ဟု သူထင်ထားသည်။ သို့ရာတွင် ထိုတစ်ယောက်မှာလည်း ချင်းယွင်အား ရူးသွပ်စွာ စွဲလမ်းနှစ်ခြိုက်နေသည်။

၎င်းတို့သည် ကြမ်းပြင်ပေါ် ပြိုလဲကျနေသော ပိုင်ရှီးယန်အတွက် နောက်ဆုံးကောက်ရိုးမျှင်ပင်။ ခေတ္တမျှ နာကျင်နေခဲ့ပြီးနောက် ပိုင်ရှီးယန် စိတ်ရှုပ်ထွေးလာသည်။

သူအခု တန့်ယွင်ချီကိုတောင် ဆုံးရှုံးသွားပြီလား။

တန့်ယွင်ချီ... တန့်ယွင်ချီက ဘာအသုံးကျလဲ။ တန့်ယွင်ချီက သစ္စာဖောက်တာအပြင် သူ့အတွက် ဘာယူလာပေးနိုင်လို့လဲ။ အရင်းအနှီးတွေလား။ နျင်းချန်ယွမ်က ချင်းယွင်ကိုပေးသလောက် တန့်ယွင်ချီက သူ့ကို ထောက်ပံ့ပေးနိုင်လို့လား။

"ဟား ဟား ဟား ဟား...." ပိုင်ရှီးယန်က မျက်ထောင့်နီများဖြင့် ရယ်နေသည်။ ခင်ဗျားအရင် သစ္စာဖောက်တာပဲ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now