142

6.7K 1.3K 92
                                    

ကွင်းပြင်ကျယ်ခြားနေသော်လည်း ချင်းယွင်ကအန်ဒရီယာ၏ ရက်စက်သောအကြည့်ကို ခံစားနေရသေးသည်။ သို့သော်သူက ပြန်၍လှည့်မကြည့်ပေ။

ကနဦးတွင် ဤဗိုလ်ချုပ်ကြီးပေါ်မှ အငွေ့အသက်ကြောင့် သူ အနည်းငယ် သံသယဝင်ခဲ့သော်လည်း ယခုအချိန်တွင် ချင်းယွင်ကဂရုမစိုက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာတွင် ထိုယောက်ျား၏ လုံခြုံမှုမှလွဲ၍ မည်သည့်အရာ၊ မည်သူကမှ သူ့ကိုမခြိမ်းခြောက်နိုင်ပေ။

ပြိုင်ပွဲစတော့မည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းစီက ရွှေ့ပြောင်းစက်ထဲ၌ ဝင်ရပ်လိုက်ကြသည်။ ဤရွှေ့ပြောင်းစက်များမှာ သီးသန့်စီဖြစ်ပြီး မည်သည့်နေရာသို့သွားရမည်နှင့် မည်သူ့အနား၌ နေချင်သည်ကို ရွေးချယ်၍မရပေ။

ရွှေ့ပြောင်းရေးစက်ထဲတွင် သူတို့အတွက် ဝန်ထမ်းများမှ ပြင်ဆင်ပေးထားသော ကိရိယာအချို့နှင့် အစားအစာ စသည်ဖြင့်ရှိသည်။

ကိရိယာများပါသော အိတ်အားချင်းယွင်ကောက်ယူရန် ကုန်းလိုက်သောအခါ ရုတ်တရက်ရပ်တန့်မိသည်။ ထို့နောက် သူလှောင်ပြောင်ရယ်လိုက်ပြီး ကျောပိုးအိတ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် လွယ်လိုက်သည်။

ဤကျောပိုးအိတ်တွင် အချို့သားရဲကောင်များကြိုက်သော အနံ့ဖြင့်ပြည့်နေသည်။ ထိုသို့လုပ်​ဆောင်ခဲ့သူမှာ အန်ဒရီယာဖြစ်ကြောင်းကို ချင်းယွင် တွေးပင်မတွေးရဘဲ သိလိုက်သည်။  သို့သော်ချင်းယွင်က သူ့ကိုဂရုမစိုက်ပေ။ယခုအခါ သူက ထိုယောက်ျား၏အကြေးခွံအား မည်သို့ရယူရမည်ကိုပင် တွေးနေသည်။ အဘယ့်ကြောင့်ဆိုသော် ဤပြိုင်ပွဲကသူ့အတွက် မတရားပေ။ထိုယောက်ျားအကြောင်း သူသိမြင်မည်ကို စည်းမျဉ်းများမှ အမြဲတမ်းလိုက်ပိတ်ပင်နေရာ ထိုယောက်ျား၏ အကြေးခွံကို သူရရန်အတွက်က သာမန်လူများထက်ခက်ခဲသည်။

ဤသို့တွေးမိသောအခါ ချင်းယွင်မျက်မှောင်ကြုတ်မိသည်။ သူကဖေးလ်ရှိရာသို့ တစ်ချက်ကြည့်မိလိုက်ပြီး ၎င်း၏လက်ပေါ်မှ လက်ကောက်ကိုတွေ့သောအခါ မျက်လုံးမှေးမိသည်။

သူ ဖြတ်လမ်းလိုက်လို့ရတယ် မဟုတ်လား။

"အန္တရာယ်ကြုံလာရင် ရွှေ့ပြောင်းရေးစက်ကို မင်းတို့ တစ်ကြိမ်အသက်သွင်းလို့ရမယ်။ ဒါပေမဲ့ ပြိုင်ပွဲနေရာကနေ မင်းတို့ထွက်လာတာက ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်လိုက်ရတာနဲ့ အတူတူပဲ။ ဒါ့ကြောင့် ကိုယ့်ဘာသာချိန်ဆကြပါ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now