79

8.6K 1.4K 61
                                    

တော်ဝင်သမားတော်ကုက အရှေ့တိုးသွားကာ ဧကရာဇ်ဟုန်းမျင်၏ လက်ကောက်ဝတ်သွေးကြောကို သူ့လက်ချောင်းများဖြင့် အခိုက်အတန့်မျှ စမ်းလိုက်သည်။ သူ့မျက်ဝန်းများထဲ၌ အံ့အားသင့်သွားပုံ ချက်ချင်းပေါ်လာကာ လျှောက်တင်သည်။ "အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က တိုးတက်လာပါတယ်။ ဝေဒနာရှိနေသေးပေမယ့် အခုအချိန်မှာ အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာမလိုတော့ဘူးလို့ မှတ်ယူလို့ရပါတယ်။ "

သူက ပြောပြီးနောက် ချက်ချင်းဒူးထောက်လိုက်ကာ အသံကျယ်ကြီးဖြင့် ဂုဏ်ပြုသည်။ "အရှင်မင်းကြီးအတွက် ဝမ်းမြောက်မိပါတယ်။ အရှင်မင်းကြီးအတွက် ဝမ်းမြောက်မိပါတယ်။ အရှင်မင်းကြီးက ကောင်းကင်ဘုံထံမှ ချီးမြှောက်ခံရတဲ့ ကံကြမ္မာရဲ့သားတော်ပါပဲ။ "

ချီးမွန်းစကား တစ်ဝက်ခန့်ရောက်သောအခါ နန်းတော်၏ယခုအရှင်သခင်မှာ အကြီးဆုံးမင်းသားဖြစ်ကြောင်း သတိရသွားကာ တော်ဝင်သမားတော်ကု၏ မျက်နှာကြီးတောင့်တင်းသွားသည်။ ထို့ကြောင့် သူတုန်တုန်ယင်ယင်ဖြင့် ထပ်ထည့်ပြောလိုက်သည်။ "အကြီးဆုံးမင်းသားရဲ့ မိဘအပေါ် ရိုသေကိုင်းရှိုင်းခြင်းက ကောင်းကင်ဘုံမှ ချီးမြှောက်မှုပါပဲ။ "

မိန်းမစိုးဆုနှင့် ဧကရာဇ်ဟုန်းမျင်တို့၏ ဆွံ့အနေသော အမူအရာအားကြည့်ကာ ချန်းဘင်းခါးမတ်လိုက်သည်။ သူကအမြဲပင် ရက်စက်သောဗီလိန်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခိုက်အတန့်တွင် သူ့နှလုံးသားထဲ အနည်းငယ်မျှတသွားသကဲ့သို့ ခံစားရကာ စိတ်လှုပ်ရှားလာသည်။ " မင်းသားကြီးရဲ့ ရိုသေကိုင်းရှိုင်းမှုကို နေတွေ၊ လတွေကနေ အသိအမှတ်ပြုခံရနိုင်ပါတယ်။ အရှင်က မိန်းမစိုးဆုပြောသလိုမျိုး ထီးနန်းလုယူမယ့်လူမျိုး မဟုတ်ပါဘူး။ "

" မင်းသားကြီးက အရှင်မင်းကြီးရဲ့ ချည့်နဲ့နေတဲ့ ကျန်းမာရေးနဲ့ နာမကျန်းဖြစ်မှုကို စိုးရိမ်ပူပန်နေပါတယ်။ နောက်ပိုင်းကျရင် မင်းသားကြီးက ညီလာခံအရေးများကို စီမံမှာဖြစ်ပါတယ်။ အရေးကိစ္စများကို မင်းသားကြီး စီမံပြီးတာနဲ့ အရှင်မင်းကြီး သုံးသပ်နိုင်ဖို့ရာအတွက် လာပို့ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီး အနေဖြင့် စိတ်အေးသက်သာစွာ အားဖြည့်နေသင့်ပါတယ်။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now