92

8.1K 1.5K 244
                                    

ကျန်းလင်းမှာ ချီယူ၏ စကားများကြောင့် အလန့်လွန်ကာ သေတော့မလိုပင်။ သူခလုတ်တိုက်ကာ ရွှံ့ထဲလဲကျသွားပြီး ကောင်းကောင်းမပြောနိုင်တော့ပေ။ " ချီ... ဗိုလ်ချုပ်ကြီးချီလား။"

ချီယူက ကျန်းလင်းကို သုန်သုန်မှုန်မှုန်ဖြင့် စိုက်ကြည့်နေသည်။ သူလက်ယမ်းပြလိုက်သောအခါ အနောက်မှစစ်သားများက ပုန်ကန်မည်ဟု ခြိမ်းခြောက်ခဲ့သော လူတစ်စုကို ခဏချင်းပင် ချည်နှောင်လိုက်သည်။

ချီယူက အော်ဟစ်နေသော ကျန်းလင်းကို လျစ်လျူရှုကာ မိုးရွာထဲ မတ်တပ်ရပ်နေသော လူငယ်လေးဘက်သို့ လျှောက်သွားသည်။ သူက လက်မြှောက်လိုက်ကာ ဝတ်ရုံကိုဖြန့်လိုက်ပြီး သူတမ်းတနေရသောလူငယ်လေးကို မိုးရေစက်များထံမှ ကာပေးလိုက်သည်။

မင်းကို မမြင်ရတဲ့တစ်ရက်က သုံးနှစ်လောက် ဝေးကွာခဲ့ရသလိုပဲ။

နောက်ဆုံးတွင်တော့ ချီယူက ဤစကားလုံးများ၏ အဓိပ္ပာယ်ကို သိသွားပြီဖြစ်သည်။ ပြတ်သားကြော့ရှင်းသော လူငယ်လေးကို လောဘတကြီး မျက်မှောင်ကြုတ်၍ ရှုစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှသာ နွေးထွေးစွာ ပြောလိုက်သည်။ "ကိုယ်လာတာ နောက်ကျသွားတယ်။"

မင်းသားကြီး၏ ဘေးတွင် မဆင်မခြင်ရပ်နေသော ဤလူကိုတွေ့သောအခါ ချင်းယွင်၏နောက်လိုက်အစောင့်အရှောက်က တားမြစ်ချင်သည်။ သူက ခက်ထန်စွာပြောလိုက်ချင်သော်လည်း သူတို့မြို့တော်မှမထွက်ခွာရသေးစဉ်တွင် ညီလာခံအကြီးအကဲဝေ့လင်း မှာကြားခဲ့သည်များကို သတိရသွားသည်။ " မင်းသားကြီးရဲ့ ရာထူးအနေအထားကို အပြင်ဘက်မှာ မဖော်ထုတ်မိစေနဲ့။ ဗိုလ်ချုပ်ကြီး ချီယူကိုလည်း သတိထားပါ။"

ယခုအခါ သူတို့ 'ပိုသတိထား' ရမည့် ဗိုလ်ချုပ်ကြီးချီက အရှင်မင်းသားနှင့် အလွန်နီးကပ်နေသောအခါ အစောင့်အရှောက်၏မျက်နှာ နီရဲသွားသည်။ သူက ချင်းယွင်ကိုသာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောနိုင်သည်။ "လူကြီးမင်း...ဒီလူက..."

အရှေ့တိုးလာရန်ပြင်နေသော အစောင့်ကို ချင်းယွင်က လက်ခါ၍ တားလိုက်သည်။ သူ့အား တမ်းတမှုအပြည့်ဖြင့်ကြည့်နေသော ထိုယောက်ျားကို ခေါင်းစောင်း၍ပြုံးပြလိုက်သည်။ "အိုး၊ ဟုတ်လား။ ဗိုလ်ချုပ်ကြီးချီက ဘယ်မှာနောက်ကျလို့လဲ။ ခင်ဗျားရဲ့ လက်မထပ်ရသေးတဲ့ ဇနီးလောင်းကို မတွေ့လိုက်ရလို့လား။ မိန်းကလေးကျန်းက မကြာသေးခင်ကလေးတင် ပြေးထွက်သွားတာ။ ဗိုလ်ချုပ်ကြီးက သူမကိုလမ်းမှာ တွေ့ခဲ့မှာပါ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now