70

8K 1.3K 75
                                    

အေဟတ်မှာ မလိုလားသော်လည်း လူငယ်လေး အခက်တွေ့နေသည်အား မမြင်လိုချေ။

ချင်းယွင်က နေ့လည်စားပြီးသောအခါ အေဟတ်အား သာမန်ကဲ့သို့ပင် မေးငေါ့ပြလိုက်သည်။ အေဟတ်က အလိုက်သိစွာဖြင့် ပိုးသားလက်သုတ်ပုဝါအသန့်တစ်ထည် ကမ်းပေးသည်။

လူငယ်လေးက အဖြူရောင်ပိုးသားပုဝါနှင့် နီရဲသောနှုတ်ခမ်းများကို ပွတ်သုတ်နေပုံအားတွေ့သောအခါ အေဟတ်၏ အကြည့်များမှောင်သွားသည်။ ဤအနီရောင်နှုတ်ခမ်းများကို နမ်းနေရသည့်အရသာအား စိတ်ကူးယဉ်နေရင်း သူ့စိတ်ဝိညာဉ်ဗြောင်းဆန်လာသည်။ မည်သို့ပင်ဆိုစေ စက်ရုပ်ကိုယ်က အေးစက်ကာ လှုပ်ရှားမှုတိုင်းတွင် ကန့်သတ်ချက်ရှိသည်။

ဤခြားနားနေချက်ကြီးက အေဟတ်၏စိတ်မရှည်မှုကို ပိုမြင့်တက်လာစေသည်။ သူရုတ်တရက် ဉာဏ်တစ်ချက်ပွင့်သွားသည်။ လူငယ်လေး မိသားစုခေါင်းဆောင်အမှတ်အသားကို လာရှာတဲ့အခွင့်အရေးကိုယူပြီး သူနဲ့တွေ့လို့ရနိုင်လောက်တယ်။

သူ့ရဲ့ ကိုယ်ပိုင်အနေအထားကို မသိသေးခင်မှာ တခြားလူတစ်ယောက်အနေနဲ့ တွေ့လို့ရတာပဲ။ ထိုအခါ သူ၏ဝါကြီးနေမှုအတွက် စိုးရိမ်နေစရာမလိုသလို၊ သူ့အနေအထားကြောင့် လူငယ်လေးက ကသိကအောက်ဖြစ်မည်လည်း မဟုတ်ပေ။

လူငယ်လေးက သူမည်သူဖြစ်ကြောင်း သိသွားသောအချိန်တွင် သူ၏သားအရူးနှင့်ဖုန်းဖေ့မင်တို့ကို ဖယ်ရှားပြီးဖြစ်လောက်သည်။

အကြံဉာဏ်က အေဟတ်စိတ်ထဲ တဖြည်းဖြည်းပုံပေါ်လာသည်။ သူ့ခန္ဓာကိုယ်သို့ပြန်သွားကာ ကိစ္စအမျိုးမျိုးကိုစီစဉ်ရန် အခွင့်အရေးအား အခိုက်အတန့်မျှပင် မစောင့်နိုင်တော့ပေ။

******

ချင်းယွင်နောက်တစ်နေ့နိုးလာသောအခါ သူ့အနောက်လိုက်နေတတ်သော ယောက်ျားကထပ်ထွက်သွားပြန်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ကိုခစားနေသည်မှာ ရှန်မင်းရယ်အား တစ်ဦးတည်းသောသခင်အဖြစ် သတ်မှတ်ခံထားရသည့် စက်ရုပ်အိမ်အကူကေပင်။

ထိုယောက်ျားပျောက်သွားသောအခါ ယခင်ချင်းယွင်ရှာဖူးသော စာအုပ်ဗီရို၏အကြားတွင် သေးငယ်သောဘူးလေးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုဘူးမှာဝှက်ထားခံရပုံပေါ်သော်လည်း မြန်မြန်သတိထားမိခံရနိုင်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now