40

9.9K 1.5K 70
                                    

" Qing Yun လို့ခေါ်တဲ့ တစ်ယောက်လေ။ သူက မင်းလိုပဲ Sheng Shi ဘက်က။ သူကအရမ်းကြည့်ကောင်းတော့ မင်းသိကိုသိလောက်တယ်။ " ထိုသို့ပြောပြီးနောက် အစ်ကို Lin ကချက်ချင်းလှည့်ထွက်သွားသည်။ သူက ကောင်းကင်ကပင် ဒေါသထွက်ရလောက်အောင် လှပသော လေထဲမှ Qing Yun ၏မျက်နှာလေးကို ညှစ်နေသကဲ့သို့ လက်ဆန့်လိုက်သည်။

အစ်ကို Lin ၏စကားများကိုကြားပြီး Bai Xiyan ၏မျက်လုံးထဲ အမဲရောင်အလင်းဖြတ်သွားသည်။ Qing Yun ပဲလား။

တစ်ညကုန်သွားပြီးတာတောင် Ning Qianyuan ကသူ့ကို အလွတ်ပေးလိုက်တာလား။ နေရာမှာတင် သူ့ကို မသတ်လိုက်ဘူးလား။

Bai Xiyan ကခေါင်းခါလိုက်သည်။ မဖြစ်နိုင်ဘူး။ Ning Qianyuan ရဲ့အကျင့်အရဆိုရင် Qing Yun နောက်ရက်နည်းနည်းလောက်ဆို မြောက်ကြွမြောက်ကြွ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူက အစ်ကို Lin ၏နောက်ကျောကိုကြည့်ပြီး အထင်သေးစွာ ရယ်လိုက်သည်။ Qing Yun က Ling Hua Xianjun နေရာအတွက် လာသရုပ်ဆောင်တာလား။

အဲ့ဒီ့ မျက်နှာလေးကို ဗန်းပြပြီး အစ်ကို Lin လိုမျိုး အလှအပနဲ့ ချုပ်လို့ရတဲ့ မိတ်ကပ်အုပ်စုကို အပျော့ဆွဲထားတာ ဖြစ်မယ်။

ယခင်ဘဝက Seal The Sky ဇာတ်ကား၏ ဇာတ်လိုက်နေရာကို ရသွားသူက ယခုထက်ပို နာမည်ရနေသော Qing Yun ဖြစ်သည်။ ထိုအချိန်တုန်းက Qing Yun မှ Ling Hua Xianjun နေရာတွင် သရုပ်ဆောင်ချင်ခဲ့သော်လည်း ဒါရိုက်တာ Li ထံမှ မောင်းမဲခံခဲ့ရသည်။

ထိုဇာတ်ကောင်၌ ပရိသတ်များစွာရှိပြီး ရုပ်ရည်ကလေးရှိရုံနှင့် သရုပ်ဆောင်နိုင်တာမျိုး မဟုတ်ပေ။ နောက်ဆုံးတွင်တော့ ထိုဇာတ်ကောင်အပိုင်းကို ဖြတ်ထုတ်လိုက်ရသည်။

သူ ထိုကံကြမ္မာမှ မလွတ်ကင်းနိုင်သေးပုံပင်။ Bai Xiyan ကအံကြိတ်လိုက်ပြီး လေးလေးနက်နက် ဆွေးနွေးနေကြသော ဒါရိုက်တာများနှင့် ဇာတ်ညွှန်းဆရာအုပ်စုကို ကြည့်လိုက်သည်။ သူ့အတွေးအတိုင်းပင် ဒါရိုက်တာ Li ၏ဘေး၌ ဆောင့်ကြောင့်ထိုင်နေသော ဇာတ်ညွှန်းဆရာတစ်ယောက်က မတ်တပ်ထရပ်ပြီး အော်ပြောသည်။ " ကျွန်မ ဇာတ်ညွှန်းပြောင်းချင်တယ်။ "

Bai Xiyan ၏အပြုံးက ပိုကြီးလာပြီး နှုတ်ဆက်ရန်ရှေ့တိုးလာသည်။ ထို့နောက်တွင်မူ သူထိုဆရာမ၏ အော်သံကို ကြားလိုက်ရသည်။ "ဒီလိုမျက်နှာလေးနဲ့ဆို ၊ ဒီအန်တီက သူ့ကိုအဓိကဇာတ်ဆောင်အဖြစ် ထပ်ထည့်ရမယ်။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ