152.1

5K 960 12
                                    

အလေးအမြတ်ကျင့်ကြံသူသားတော်က စကားပါးပြီးဖြစ်ရာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ အစောင့်များမှာ ဖြတ်ပိုင်းများအား လူအုပ်စုထံသို့ တာဝန်ကျေစွာ ဝေပေးနေရသည်။

အချိန်နှစ်လက မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်လွန်သွားပြီး အလေးအမြတ်ကျင့်ကြံသူဂိုဏ်း ဖွင့်မည်ကို ချင်းယွင်စောင့်ဆိုင်းနေစဉ်မှာပင် ချင်းချန်နှင့်ချိန်ဆိုထားသောအချိန် ရောက်လာသည်။ ချင်းချန်ဟူသည့်  တက်တက်ကြွကြွ ဆယ်ကျော်သက်ကောင်လေးက ချင်းယွင်အား ချင်းမိသားစုသို့ တကယ်ဖိတ်ခေါ်ချင်နေသည်။

"ယွင်ချင်း ဖွင့်စမ်း။ အချိန်ဆွဲမနေစမ်းနဲ့ ဆိုးပေလေးရဲ့။ ငါသာ ဒီနေ့မရောက်လာရင်  မင်း ချင်းချန်ကို ဂူအပြင်မှာပဲ တစ်ချိန်လုံးထားမလို့လား။" မိုကျန်းက ချင်းချန်၏ဝတ်ရုံစကို ဆွဲထားကာ ချင်းယွင်အား ဂူထဲမှ ခေါ်ထုတ်နေသည်။

ချင်းယွင်မှာ ရွေးချယ်စရာမရှိဘဲ လိုဏ်ဂူ၏အတားအဆီးများကို ဖွင့်ကာ မိုကျန်းအား အေးစက်စက်ကြည့်လိုက်ရသည်။

လွန်ခဲ့သည့်ဆယ်နှစ်အတွင်းတွင် ဝဝကစ်ကစ်နှင့် မျက်နှာဝိုင်းသော ကောင်လေးက ဘယ်တော့မှ အရည်မပျော်တော့မည့် ရေခဲတုံးအဖြစ် ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေခဲ့ရသည့် မိုကျန်းမှာ ချင်းယွင်၏ ဂရုမစိုက်ဟန်အပေါ် များစွာခံနိုင်ရည်ရှိသည်။

သူ၏ ဆန့်ထားသောလက်က ဝိုင်များစွန်းထင်းနေပြီး သူကချင်းယွင်၏ မနှစ်မြို့သောအကြည့်ကို လစ်လျူရှုကာ တပည့်ဖြစ်သူ၏ ပုခုံးအား ပုတ်လိုက်သည်။ "မင်း သဘောတူပြီးတဲ့ ကိစ္စကို ဘယ်လိုလုပ်ပြောင်းလဲနိုင်ရတာလဲ။ သူက မင်းကို ဧည့်သည်အဖြစ် အထူးဖိတ်ထားတာလေ။ ဒီတော့ လိမ္မာတဲ့ကောင်လေး အနေနဲ့ လိုက်သွားချည်။"

"အစ်ကိုယွင်နဲ့ ကျွန်တော်တို့ တိုက်ခိုက်ဖို့ဆိုပြီး လွန်ခဲ့တဲ့နှစ်လက ချိန်းထားတာကို မှတ်မိလား။" ချင်းချန်က လက်မလျှော့သေးပေ။ သူက အမြဲတမ်း ယွင်ချင်းနှင့်တိုက်ခိုက်ချင်နေခဲ့သည်။ ထို့အပြင်...ဤလူနှင့် သူက ရှင်းမပြနိုင်အောင် ဆက်နွယ်နေသည်ဟု ခံစားရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOnde histórias criam vida. Descubra agora