8

11.5K 1.8K 172
                                    

တကယ်ကို မိုက်မဲလာတာပဲ။

မျက်နှာပြင်ပေါ်တွင် Nie Chenyuan က " မင်းအတွက် တိုက်ခိုက်ပေးမယ်။ " ဟုပြောသည်ကို မြင်လိုက်ရသောအခါ Qing Yun ၏ နှုတ်ခမ်းများ အပေါ်ကွေးတက်သွားသည်။

Nie Chenyuan က သူယခု မခန့်လေးစားပုံစံဖြစ်နေကြောင်း မသိပေ။ တိုက်ပွဲတစ်ခုပြီးတိုင်း သူက Qing Yun ရှိသည့်ဘက်ဆီ ပြေး၍ ချီးကျူးမှုကို တောင်းလေ့ရှိသည်။ ကံမကောင်းစွာဖြင့် အဆင့်သတ်မှတ်သော ပြိုင်ပွဲက ပြီးတော့မည် ဖြစ်ပြီး တစ်ယောက်သာ ကျန်တော့သည်။ Nie Chenyuan သာနိုင်သွားလျှင် ယခင် ပွဲ၏ အနိုင်ရရှိသူဖြစ်သော Lin Yuhao နှင့် ယှဉ်ပြိုင်ရန် အဆင့်မှီသွားပေမည်။

သူက ကုလားထိုင်အနောက်ကို မှီလိုက်ပြီး သက်ပြင်းကို ပြင်းပြင်းချလိုက်သည်။

Nie Chenyuan က ရည်ရွယ်ချက်ရှိရှိ ဤသို့ ပြုမူနေခြင်းပင်။ သူ၏ Qing Yun အပေါ်ထားသော အချစ်များသည် အလွန်အကျူး သူ့ရင်ဘတ်ထဲတွင် ပြည့်နှက်နေသည်။ သူက သူ၏ Qing Yun ကို ပိုင်ဆိုင်မှုအား တစ်ကမ္ဘာလုံးကို ချပြချင်သည်။ သူတို့၏ ခံစားချက်နှင့်ပက်သက်၍ အခြားလူများက မည်သို့တွေးမည်ကို Nie Chenyuan က လုံးဝ ထည့်မစဉ်းစားပေ။

Nie Songping က ထိုင်ခုံပေါ်တွင် ထိုင်ရင်း စိတ်ဖိစီးနေသည်။ သူက နောက်ကျလျှင် ကမ္ဘာကို ထိတ်လန့်သွားအောင် တစ်ခုခု ပြုလုပ်လိုက်မည်ကို ကြောက်နေမိသည်။ သို့သော် သူရှိနေသော သီးသန့်ခန်းသည် ပရမ်းပတာ ဖြစ်နေပြီး ဖြစ်သည်။ မြေးမလေးတွေရှိသော မိသားစုများ၏ ခေါင်းဆောင်များက ရုတ်တရက်ထရပ်လိုက်ကြသည်။ Wang Miaoyun ၏ အဖိုးပင် မကျန်ခဲ့ချေ။

"Wang အိုကြီး မင်းပါလာတာကတော့ မကောင်းဘူးနော်။ မင်းမြေးမလေးက Lin ကောင်လေးနဲ့တွဲနေပြီးသား မဟုတ်လား။ Nie လေးကိုတောင် ဆွဲထည့်သေးတယ်။ " Gu မိသားစု၏ ခေါင်းဆောင်သည် အလွန် ဒေါသကြီးသည်။ သူက Wang Miaoyun ၏ အဖိုးကို လက်ညှိုးထိုးလိုက်ပြီး ဆူလိုက်သည်။

" သရေကြိုး။ ရီးပဲ ( မအလ ၊ လပ) ဘယ်လိုစကားပြောရမလဲကော သိလား။ အဖိုးအိုကြီး။ ဘာလို့ ငါ့ရဲ့ Miaoyun လေးကို သံသယ ဝင်နေတာလဲ။ ဒီဟာကို မင်း အစီအစဉ်ချထားတာမလား။ Nie မိသားစုအခန်းထဲကသူက မင်းမြေးမ မှတ်လား။ " Wang ခေါင်းဆောင်က ပြောရင်း လျှို့ဝှက်စွာ နောင်တရနေသည်။ သူသာ Nie Chenyuan ၏ စွမ်းအားကို သိခဲ့လျှင်...

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOù les histoires vivent. Découvrez maintenant