9

11.2K 1.8K 61
                                    

လက်ပြတ်ကြီးသည် Zhang Kuang ၏ လက်ပင်။

ပြိုင်ပွဲစတင်သည်နှင့် Nie Chenyuan က မျက်လုံးဖြင့် မမြင်နိုင်သော အလျင်ဖြင့် Zhang Kuang ၏ လက်ကို လက်ချည်းသက်သက်သုံးကာ ဆွဲဖြုတ်ခဲ့သည်။

၎င်းက ကျယ်လောင်စွာ မြည်တမ်းရင်း သူ့ကိုယ်တစ်ပိုင်း၌ သွေးတွေ ထွက်ကာ လဲလျောင်းနေသည်။ ပွဲအစက မာနထောင်လွှားသော ဟန်ပန်က လုံးဝပျောက်ဆုံးနေသည်။ သူက အရှုံးပေးချင်သော်လည်း သူမပြောနိုင်ခင်ပင် လေပြင်းပြင်းတစ်ချက်က သူ့ကို တားဆီးလိုက်သည်။

ဤတွင် ရှိနေသောလူတိုင်း ' အရိုက်ခံရတယ် ' ဆိုတာကို ဘာမှန်းနောက်ဆုံးတော့ နားလည်သွားကြသည်။ Zhang Kuang က သဲအိတ် အစုတ်အပျက်တစ်ခုကဲ့သို့ စင်ပေါ်တွင် ဆက်တိုက် အရိုက်နှက်ခံနေရသည်။ နောက်ဆုံးတွင် အရှုံးပေးသည့် စကားတောင် မပြောနိုင်တော့ပေ။

Guwu ပွဲ၌ ပါဝင်သူများ၏ အသက်သာ မထိခိုက်ဘူးဆိုလျှင် စည်းမျဉ်းကို ဖောက်ဖျက်သည်ဟု မဆိုနိုင်ပေ။ သို့သော် အစဉ်ကြီး (final) ကိုရောက်သော ကလေးများသည် အထက်တန်းလွှာ မိသားစုများမှ ကလေးများ ဖြစ်လေ့ရှိသည်။ ပုံမှန်နေ့တွေအတိုင်းသာဆိုလျှင် သူတို့က တစ်ယောက်နှင့်တစ်ယောက် ကူညီကြမည်ဖြစ်သော်လည်း တစ်ယောက်ယောက်က ဤကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်သည်ကို မြင်ရတာရှားသည်။

Zhang Kuang ခုနက ပြောခဲ့သည်များသည် လျှို့ဝှက်ချက်တော့ မဟုတ်ပေ။ ယခု လူအားလုံး မသိမသာဖြင့်ပင် သူတို့၏ ပါးစပ်များကို စေ့စေ့ ပိတ်ထားမိကြသည်။ သူတို့ ခုနက ပြောခဲ့သော မသင့်တော်သည့် စကားလုံးများအတွက် ပိုမို ကြောက်ရွံ့လာကြသည်။

မြေပြင်ပေါ်တွင်လဲနေသည့် အသက်သာရှူနိုင်တော့သော Zhang Kuang ကို ကြည့်ပြီး Nie Chenyuan က သူ့လက်ပေါ်မှ သွေးစက်များကို ခါထုတ်ပစ်လိုက်၍ အသက်မဲ့သလို ဖြစ်နေသော ဒိုင်လူကြီးကို ပုခုံးတွန့်ပြလိုက်သည်။

" မပူပါနဲ့။ ကျွန်တော် ခင်ဗျားညည်းညူတာတွေကို နားထောင်ပြီး ပြိုင်ကွင်းပြင်ကို ထပ်မဖျက်စီးတော့ပါဘူး။ "ပြောပြီးသည်နှင့် သူက ပြိုင်ကွင်းဧရိယာမှ ချက်ချင်း ခုန်ထွက်ကာ နားနေခန်းဆီသို့ပင် မပြန်ဘဲ အပေါ်ထပ်သို့ တန်းတက်သွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now