111

7.8K 1.5K 109
                                    

တောင်တန်းများဆီသို့ ပြန်ရောက်သောအခါ မောရစ်က ခေါင်းနှင့်နားရွက်များကို ညွတ်ကိုင်းကာ သူ့လက်ထဲ၌ ကာကွယ်ထားသောရတနာကို မြေကြီးပေါ်သို့ ညင်သာစွာချပေးလိုက်သည်။ထို့နောက် သူကလူသားပုံစံသို့ ပြောင်းကာ ဖရိုဖရဲထိုင်ချပြီး ခေါင်းကုတ်နေသည်။

မောရစ်က အလွန်ခါးသီးပြီးနောင်တရနေသည်။ ဂျွိုက်နှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံလျှင် ပိုချစ်စရာကောင်းအောင်နေရန် သူအစီအစဉ်ချထားခဲ့သည်။ သို့သော် သူ့ကလေး၏ အရှေ့၌ သူ၏အကြင်အနာမဲ့ဆုံး၊ အဆင်မပြေဆုံး အသွင်အပြင်အား ဖော်ပြလိုက်မိမည်ဟု မမျှော်လင့်ထားပေ။

ဂျွိုက်က သူ့အပေါ် ဘာမနှစ်သက်မှုမှ မပြသသော်လည်း မောရစ်စိတ်မချမ်းသာဖြစ်နေဆဲပင်။

ထို နတ်သူငယ်စုတ်တွေ။ သူတို့က သူ့ကလေးကို ဤသို့ဘယ်လိုဆက်ဆံရဲကြသနည်း။ သူတို့အား အလွယ်တကူ ခွင့်လွှတ်ပေးမည်မဟုတ်ပေ။

သူချင်းယွင်၏ အမူအရာအား တစ်ချက်ခန့်ခိုးကြည့်ချင်သည်။ သို့သော် သူမော့ကြည့်လိုက်သည်နှင့် မောရစ် ကြက်သေသေသွားသည်။ သူ့လက်ထဲကိုင်ထားခဲ့သော 'မိန်းကလေး' ၏ ပုခုံးသိုင်းကြိုးများ၊ အင်ကျီလက်ဖောင်းများ လျှောကျနေကာ ဗိုက်ချပ်ခါးစည်းသည်လည်း ဘေးဘက်၌ပစ်ချခံထားရသည်။

'မိန်းကလေး' ၏ ပွင့်နေသောရင်ဘတ်သည်လည်း ပြားနေသည်။ နဂိုအတိုင်းပင် 'သူမ' က မေးစေ့အား အနည်းငယ်ငေါ့ထားရာ သွယ်လျသောလည်တိုင်၌ တမူထူးခြားစွာ ချစ်စရာကောင်းသည့် အဖုလေးရှိနေသည်။

မောရစ်က အဝါရောင်ဂါဝန်ကားကားအား ဝတ်ထားသည့် ဆံပင်ရှည်ရှည်နှင့် ဆယ်ကျော်သက်ကို ငေးကြောင်ကြည့်ပြီးနောက် သူ့လက်ဖဝါးအား မယုံနိုင်ပုံဖြင့် ရုတ်တရက်ငုံ့ကြည့်မိသည်။

အာ...သူ့ရတနာက ရုတ်တရက်ကြီး ဘယ်လိုလုပ်ကောင်လေးတစ်ယောက် ဖြစ်သွားတာလဲ။

ထိုယောက်ျား၏ ဆွံ့အနေသော အမူအရာကိုကြည့်ကာ အရင်က၎င်းအားစနောက်ချင်ခဲ့သော ချင်းယွင်မှာ ရုတ်တရက် အနည်းငယ်စိုးရိမ်ပူပန်လာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now