15

12.4K 1.6K 18
                                    

Zhao Bowen က သူ့လက်မှ စေးကပ်ကပ် အစွန်းအပေများကို ဂရုမစိုက်ခဲ့ပေ။ ထိုအစားသူက အားဖြင့် လက်မြှောက်ကာ အချက်အလက် စာရွက်များကို ဆွဲယူ၍ တစိုက်မတ်မတ်ကြည့်နေသည်။

ထိုသူက စိတ်ပါဝင်စားနေသည်ကို တွေ့သောအခါ Qing Yun က သူ့ကို လောဆော်မနေတော့ပေ။ သူက မတ်တပ်ပြန်ရပ်လိုက်ပြီး မိတ်ဆက်ကတ်ကို ကမ်းပေးလိုက်သည်။ " မင်း ဖတ်ပြီးသွားရင် ဆုံးဖြတ်လို့ရပါတယ်။ "

" မ..ဟုတ်။ မ..ဟုတ်ဘူး။ "

Zhao Bowen က သူ့လက်ထဲမှ စာရွက်များကို အံ့အားသင့်နေသော အမူအရာဖြင့် ညွှန်ပြသည်။ သူ ခေါင်းခါလိုက်သည်နှင့် သူ့ပါးစပ်ထဲမှ အစအနများက အပြင်သို့ ပြန့်သွားသည်။ သို့သော် သူက အချက်အလက်များ၌သာ အာရုံဝင်စားနေသည်။

Qing Yun က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ သူ့ကို လျစ်လျူရှု၍ အိမ်ပြန်လမ်းသို့သာ လျှောက်လာခဲ့သည်။ ထို အချက်အလက်များထဲတွင် ကင်ဆာကို ဆန့်ကျင်သော နည်းလမ်း၊ ဆေးဘက်ဆိုင်ရာ သက်ရောက်မှု၊ ဆေးထုတ်လုပ်နည်း နှင့် ကင်ဆာကုသဆေး၏ အခြားသော အချက်အလက်များ ပါဝင်သည်။ ထိုရလဒ်များသည် Qing Yun ၌ ရှိသော အရာများပင်။

သူက ဇီဝဆေးနယ်ပယ်တွင် များစွာပြီးပြည့်စုံသည် မဟုတ်သော်လည်း Qing Yun က နှစ်တစ်သောင်းနီးပါး နေမကောင်းဖြစ်ခဲ့သည်။ သူကျွမ်းကျင်ခဲ့သော ဆေးဝါးများက မရေမတွက်နိုင်အောင်ပင်။ Qing Yun ၏ လုပ်နိုင်စွမ်းကို ဤကမ္ဘာတွင် ကန့်သတ်ထားသော်လည်း မှော်ဆေးပညာ ဆေးညွှန်းအချို့ကို ခေတ်သစ် ဆေးပညာဆိုင်ရာ ဗဟုသုတဖြင့် ဆက်စပ်ရန် မခက်ခဲခဲ့ပေ။

Zhao Bowen ကို ဆက်သွယ်ခြင်းသည် သူကိုယ်တိုင်အတွက် အကာအကွယ်တစ်ခု ထားလိုက်ခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ Xiao Chengnuo ၏ ဘွဲ့သည် စီမံခန့်ခွဲရေးသာဖြစ်၍ ဆေးဝါးဆိုင်ရာနှင့် မကိုက်ညီရာ သူက ဤကဲ့သို့ အံ့ဩဖွယ် ပညာရပ်များကို မည်သို့ထွင်နိုင်မည်နည်း။

မူရင်း ဇာတ်ကြောင်းအရ ဉာဏ်ကြီးရှင် Zhao Bowen ကို ရှာတွေ့ခဲ့သူသည် Xiao Chengzhe ဖြစ်ခဲ့သည်။ သူက Zhao Bowen ၏ အရည်အချင်းကို သဘောကျပြီး Zhao Bowen ၏ တီထွင်မှုများကို ဆေးဝါးနယ်ပယ်တွင် အသုံးချကာ သူ၏ ကုမ္ပဏီကို ပို၍မြင့်သော အဆင့်သို့ မြှင့်၍ ကမ္ဘာ့အဆင့် ငါးရာအတွင်း တရားဝင်ရောက်ရှိခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးTahanan ng mga kuwento. Tumuklas ngayon