130

7.4K 1.4K 54
                                    

အဖေရှန်က ခြေလက်များ အချည်ခံထားရသော လူငယ်လေးကို ကားထဲသို့ ခိုးကြောင်ခိုးဝှက် ရွှေ့နေသည်။ သူအပြင်ထွက်ရန်ပြင်သောအခါ ယခုလေးတင် တံခါးမှဝင်လာသော ရှန်ချန်ကျင်းနှင့်တွေ့ကာ နှလုံးတုန်သွားသည်။

သို့ရာတွင် ထိုလူသည် သူ၏သားမှန်းသိသည်နှင့် လေသံပြောင်းလိုက်သည်။ "လာမကူပေးသေးဘူးလား။"

"အဖေက..." ရှန်ချန်ကျင်းသည်လည်း အဖေရှန်၏လုပ်ရပ်ကြောင့် မှင်တက်သွားသည်။ သူက အိပ်ပျော်နေသော ရှန်ချန်ယွီကိုကြည့်ပြီးနောက် အဖေရှန်အား မရေမရာကြည့်လိုက်သည်။

အဖေရှန်၏မျက်နှာက မှောင်ရိပ်သန်းနေသည်။ "မြန်မြန်လာစမ်းပါ။ ဒီကလေးကို ရောင်းလိုက်ရင် ငါတို့မိသားစု အသက်ရှူချောင်သွားလိမ့်မယ်။ မင်းက ရှန်မိသားစုရဲ့ အငယ်ဆုံးသားနော်။ ဒီကလေးနိုးလာရင် မင်းရောငါရော သေပြီပဲ။"

ရှန်ချန်ကျင်းက ဆက်လက်ငြိမ်သက်နေသောအခါ အဖေရှန်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ " မင်းက သူ့သီချင်းခိုးသွားတယ်ဆိုပြီး သူ့ဆီကနေ ထောက်ပြခံချင်နေတာလား။"

နောက်ဆုံးတွင်တော့ ထိုစကားများက ရှန်ချန်ကျင်း၏နှလုံးသားကို ထိသွားသဖြင့် လက်ထဲမှ တယောအားပစ်ချကာ ယာဉ်မောင်းထိုင်ခုံသို့ ဝင်သွားသည်။ အဖေရှန်ကမူ နောက်ထိုင်ခုံတွင်သာနေပြီး ရှန်ချန်ယွီ ရုတ်တရက်မနိုးလာစေရန် ကာကွယ်နေသည်။

*****

ဤဖြစ်ရပ်ဖြစ်သွားသည့်ညတွင် ရှန်ချန်ယွီနှင့် ရှန်ချန်ကျင်းတို့အကြောင်း အငြင်းပွားပှုက ပို၍ပို၍ လှုပ်ရှားလာကာ ပျောက်ကွယ်သွားမည့်အရိပ်အယောင်မရှိပေ။

ပါဝင်ပက်သက်နေသူတစ်ယောက်ဖြစ်သည့် ရှန်ချန်ယွီက ထိုအချိန်တွင် ကိုယ်ပိုင်စာမျက်နှာပေါ်၌ သူ၏အပြစ်များကိုဝန်ခံခဲ့သည်။ ထိုဖော်ပြချက်တွင် သူက ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန်အတွက် ရှန်ချန်ကျင်း၏တေးသွားကို ယူခဲ့ရုံသာမက ရှန်မိသားစု၏သင်ပြပေးမှုအတွက် အားနာသဖြင့် ဂီတနယ်ပယ်၌ ထပ်မနေရဲတော့ကြောင်း ရေးထားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now