157 (Extra)

5.8K 1K 107
                                    

"ကုချန်းက သတင်းကင်းရှင်းပါတယ်။ ဥက္ကဋ္ဌဟောင်းကုကလည်း လတ်တလောကလေးတင် ကွယ်လွန်သွားပါတယ်။" ကိုယ်စားလှယ်ကထိုသို့ပြောလိုက်သော်လည်း လတ်တလောတွင် ကုချင်းက ယန်ယိရှန်နှင့်အလွန်အနီးကပ် ပက်သက်နေသော်ငြား ကုချန်းတွင်အခြားအမျိုးသမီးရှိနေသလားဟု ဘာကြောင့်မေးခိုင်းသနည်းဟု တွေးနေသည်။ သူမက လုံးဝကို မှန်ကန်သည့်ပုံဖြင့် ယုံကြည်မှုလည်းရှိနေသေးသည်။

ကိုယ်စားလှယ်၏စကားကို ကုချင်းမယုံနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအခါ သူမအပေါ် ကုချန်း၏သဘောထားက ပြောင်းပြန်ဖြစ်နေသည်။

ယခင်က ကုချန်းမှ သူမကို အရင်ဖုန်းစဆက်ပြီး သူမက စိတ်မရှည်စွာဖုန်းချတတ်သော်လည်း ယခုအခါ ကုချန်းက သူမ၏ဖုန်းကို ဘာကြောင့် အရင်ချလိုက်သနည်း။

သူမဤသို့မေးခွန်းထုတ်နေချိန်တွင် ကုချင်း၏နှလုံးသားထဲ၌ ကုချန်းအား တကယ်အရာမသွင်းပေ။ ကုချန်းက ကုမိသားစုရှိ သူမ၏အနေအထားမြဲမြံစေမည့် ကိရိယာတစ်ခုသာဖြစ်သည်။ ဤကိရိယာက ရုတ်တရက် မနာခံတော့ရာ သူမသံသယဝင်လာမိသည်။

ယခုအခါ ကုဖေဖေကွယ်လွန်သွားပြီးနောက် ကုချင်းမိသားစုရှိရာသို့ ပြန်မသွားသော်လည်း ကုဖေဖေ၏အမွေများအား လိုချင်နေဆဲပင်။သို့သော် ထိုအကြောင်းတွေးမိသောအခါတွင်မူ သူမကုမိသားစုထဲသို့ မင်ဂလာဆောင်၍ ဝင်လာပြီးမှ ကုဖေဖေက သူမအား အမွေပေးမလားဟု စိုးရိမ်နေသည်။ ယခုအခါ ယန်ယိရှန်အား ချစ်နေမိသော ကုချင်းက မည်သို့သဘောတူနိုင်မည်နည်း။ ထို့ကြောင့် စတင်ရန်အကောင်းဆုံးနည်းလမ်းမှာ ကုချန်းဖြစ်သော်လည်း ကုချန်း၏လုပ်ဆောင်မှုမှာ သံသယဝင်စရာပင်။

"ဘာပဲဖြစ်ဖြစ် အစ်မ ကုချန်းနောက်ကို လူတစ်ယောက်လွှတ်ထားပေး။ သူနဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေတဲ့ ပုံရရင် ဝယ်လိုက်။" ကုချင်း မှာလိုက်သည်။ သူမ ကုချန်းအား လုံးဝဆုပ်ကိုင်ထားနိုင်ရမည်။ သူမ မပြန်ခင်တွင် ယန်ယိရှန်၏နှလုံးသားကို အပြည့်အဝဖမ်းဆုပ်ရမည်။ ထို့နောက် ကုမိသားစုအား အပေါ်စီးမှဆက်ဆံနိုင်ရမည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now