33

9.7K 1.5K 30
                                    

ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး Chris က Qing Yun ပါးပေါ်မှ ဆံနွယ်များကို သပ်တင်ပေးနေသည်။ သူကခေါင်းငုံ့လိုက်ကာ လူငယ်လေး၏ ပန်းရောင်သန်းနေသော ပါးကိုနမ်းပြီး တီးတိုးပြောလိုက်သည်။ "ဘယ်သူ့ကိုမှ မင်းကိုထပ်နာကျင်စေခိုင်းမှာ မဟုတ်ဘူး။ "

ကိုယ်အပါအဝင်။

စောင်ကိုအပေါ်ထိဆွဲခြုံပေးလိုက်ပြီး Chris မတ်တပ်ရပ်ကာ ထွက်သွားသည်။

နွေးထွေးပြီး အကာအကွယ်မဲ့နေသော နေရောင်လေးက အိပ်ရာပေါ်ဖြာကျနေသည်။ Qing Yun ကမျက်လုံးဖြေးဖြေးချင်းဖွင့်လိုက်ပြီး အကြောဆန့်လိုက်သည်။

ယခုအထိ ဤကမ္ဘာ၏ ထူးဆန်းဖွယ်ရာများကို သူအံ့သြနေရသေးသည်။ တစ်ပတ်လောက် အရှက်မရှိခဲ့တာလား၊ ဒါမှမဟုတ် Alpha နဲ့ Omega တွေရဲ့ တည်ဆောက်ပုံကြောင့်လား။ ထိုအကြောင်းကို တွေးမိပြီး ထိန်းမနိုင်သိမ်းမရ ရှက်မိသေးသည်။ သူ၏ခေါင်းဘေးဘက်ဖြင့် ခေါင်းအုံးကို ပွတ်သပ်နေသည်။

သူနိုးနေသော်လည်း Qing Yun တွင်ထဖို့ရန်ရည်ရွယ်ချက်မရှိပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူကအခုနူးညံ့တယ်လေ။ သူကဘယ်လိုများ လျှောက်သွားနေနိုင်မှာလဲ။ Qing Yun နှာမှုတ်ထုတ်လိုက်ပြီး ထို့နောက်တွင်မှ သူ့စိတ်ဝိညာဉ်ထဲဝင်လာသော စွမ်းအားများကို ချေဖျက်လိုက်သည်။

ကြိုးကြာနီများ၏ အာကာသယာဉ်ပေါ်တွင် Chris က Apollon ကိုအဆုံးသတ်လိုက်သည်။ Qing Yun ကကောင်းကင်ဘုံကျင့်ကြံသူမှ တစ်ခုခုကို သတိထားမိသွားမည်အား ကြောက်လန့်ပြီး ခဏမျှတုန်လှုပ်သွားသေးသည်။ သို့သော် Chris ၏စိတ်ဝိညာဉ်က ထူးခြားပုံပေါ်သည် ထိုအဖြစ်က ကောင်းကင်ဘုံကျင့်ကြံသူ၏ အာရုံစိုက်မှုကို မရခဲ့ပေ။

ဤကမ္ဘာက ပေးသောစွမ်းအင်က အလွန်ရက်ရောနေသလိုပင်။ ၎င်းက Qing Yun ကိုအလွန်ကျေနပ်စေခဲ့သည်။

ဤကမ္ဘာ၏ တာဝန်ပြီးမြောက်သည့်ပုံက Qing Yun အတွက်ဆန်းသစ်နေသည်။ သူက သတင်းအချက်အလက်ကို ထိန်းသိမ်းထားရန်သာလိုပြီး တစ်ချိန်ထဲမှာပင် Chris အားလျှို့ဝှက်စွာ ဖိအားပေးနိုင်ခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now