115

7.4K 1.4K 79
                                    

ဘဝတစ်ခုလုံးကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားနေကြသော နားဆင်သူများမှာ အချိန်အတော်ကြာအထိ စိတ်မတည်ငြိမ်နိုင်သေးဘဲ ယခုမှသာ အသေးစိတ်ဆွေးနွေးနိုင်ကြသည်။ "အခုလေးတင်တီးသွားတာ ဘာလဲ။"

" 'စီးဆင်းနေသောရေ'၊ အဲ့ဒါ 'စီးဆင်းနေသောရေ' ပဲ။"

"လူလိမ်၊ ဒါ 'စီးဆင်းနေသောရေ ' အတုပဲ ဖြစ်ရမယ်။ 'စီးဆင်းနေသောရေ' က ရေသံတွေကိုပဲ စုစည်းထားတာမဟုတ်ဘူးလား။ အဲ့ဒိမှာ ဒီလိုခံစားချက်မျိုး ဘယ်လိုလုပ် ပါမှာလဲ။ မင်းသိလား၊ ငါ လူတစ်ယောက် မွေးကင်းစကနေ သေဆုံးတဲ့အထိ ဘဝဖြတ်သန်းပုံကို ကြည့်ခဲ့ရသလိုပဲ။ သူဖြတ်သန်းခဲ့ရတာတွေအားလုံးကို ငါတွေ့ခဲ့ရလို့ သူ့အတွက် ခံစားပြီး၊ သူ့အတွက် ပျော်ရွှင်ရတယ်။ ဒီသီချင်းကို 'စီးဆင်းနေသောရေ ' လို့ မခေါ်သင့်ဘူး။ သူ့ကို 'ဘဝ' လို့ခေါ်သင့်တာ။"

"အဲ့ဒါ ကြောက်စရာကောင်းတယ်။ အခုလေးတင်တီးသွားတာ ရှန်ချန်ကျင်းလား။"

"အိုး၊ မဟုတ်ဘူး။ မဟုတ်ဘူး။ အချစ်လေး မင်းမှားနေပြီ။ အဲ့ဒါ ရှန်ချန်ယွီ။ သူကသာ 'စီးဆင်းနေသောရေ' ကိုတီးသွားတာ။ သူမဖျော်ဖြေခင်ကဆို တကယ့် 'စီးဆင်းနေသောရေ' က ဒီလိုသီချင်းဆိုတာတောင် ငါမသိခဲ့ဘူး။"

ထိုအချိန်တွင် အနောက်မှ အစီအစဉ်မှူး၏ ထိန်းချုပ်မရသော အသံကျယ်ကျယ်က ပရိသတ်၏ နားထဲသို့ မတော်တဆ ရောက်လာသည်။ "ဘုရားရေ၊ ဒါ သိပ္ပံနည်းကျ မဆန်ဘူး။ သူကဂီတကျောင်းက ပထမနှစ်ကျောင်းသားပဲရှိသေးတာလေ၊ အဲ့ဒါကို 'စီးဆင်းနေသောရေ' တစ်ပုဒ်လုံး တီးပြသွားတယ်။ 'စီးဆင်းနေသောရေ' ကိုနောက်ဆုံးတီးပြသွားတာ ထိပ်တန်းတယောပညာရှင် ရိုဆဖ်မဟုတ်လား။ သူသာ ရှန်ချန်ယွီရဲ့ တီးသံကိုကြားရင် နံရံကိုခေါင်းနဲ့ ဆောင့်နေလောက်တယ်။"

မမျှော်လင့်ထားသော အသံကျယ်ကျယ်က ပရိသတ်ကို ကျယ်လောင်စွာရယ်မောစေသည်။ သို့သော် သူတို့ရယ်မောပြီးသောအခါမှ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အစီအစဉ်မှူး ဘာပြောသွားသည်အား သဘောပေါက်သွားသည်။

အံ့ပါ့ကွာ၊ ရှန်ချန်ယွီက ဒီနှစ်မှာ ဆယ့်ရှစ်နှစ်ကျော်ရုံပဲရှိသေးပေမဲ့ 'စီးဆင်းနေသောရေ' တစ်ပုဒ်လုံးကို တကယ်တီးနိုင်ခဲ့တယ်လား။ သူတို့ အိပ်မက်မက်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now