64

9K 1.5K 220
                                    

သူ့ထင်မြင်ချက်အရ ဖုန်းဖေ့မင်သည် အကန့်အသတ်မဲ့ ဆွဲဆောင်မှုရှိသည်။ ရှန်မင်းရယ်က ဖုန်းဖေ့မင်ကို စိတ်ဝင်စားလာခြင်းသည်ပင် ယိုဒါအား များစွာမအံ့ဩစေပေ။

ထိုအကြောင်းကိုတွေးကာ စားပွဲပေါ်မှ ဝိုင်နီခွက်ကိုမယူ၍ တစ်ငုံအရသာခံလိုက်သည်။ သို့သော် သူ့အကြည့်များက စားပွဲ၌ထိုင်နေသော ရှန်မင်းရယ်အပေါ်တွင် သက်ရောက်နေသည်။ လူငယ်လေး၏ ပယင်းရောင်မျက်ဝန်းများကို ကြည့်မိသောအခါ ယိုဒါရပ်တန့်သွားရသည်။

သူအစက အရွယ်ရောက်ခါစ သူ့သတိုးသားလောင်းဖြစ်သူသည် ဖုန်းဖေ့မင်အပေါ် အနည်းငယ်စိတ်ဝင်စားနေသည်ကို မြင်ခဲ့သော်လည်း ယခုလူငယ်လေး၏ မျက်ဝန်းထဲမှ ချစ်ခြင်းမှာ သိသာနေသည်။

သူတို့နှစ်ယောက်က သွေးသားတော်စပ်မှုမရှိကြောင်း၊ ဖုန်းဖေ့မင်က လူငယ်လေးကို အလွန်ဂရုစိုက်ကြောင်း သိကာ....

အဖိုးထိုက်သော တစ်စုံတစ်ရာက ညစ်ညမ်းသွားသဖြင့် ယိုဒါ၏နှလုံးသားထဲ ဒေါသခံစားမှု ပေါ်လာသည်။ သူ့အမြင်တွင် ရှန်မင်းရယ်ကဲ့သို့ အားနည်းပြီး သူတစ်ပါးထံမှ အစောင့်ရှောက်ခံရသူက သန်မာပြီးဆွဲဆောင်မှုရှိသော ဖုန်းဖေ့မင်နှင့် တွဲရန် အရည်အချင်းမရှိပေ။

သို့သော် ယနေ့တွင် အကြောင်းအရင်း တစ်ခုကြောင့် စားပွဲမှ လူငယ်လေး၏ မျက်ဝန်းများကို သူကြည့်နေမိသည်။

လူငယ်လေး၏ မျက်ဝန်းများထဲမှ ခံစားချက်များမှာ သိသာလွန်းပြီး တောက်ပလွန်းသည်။ ၎င်းသည် အကြည်လင်ဆုံး ရေအိုင်လေးနှင့်တူပြီး သူ့နှလုံးသား၏ ဖြူစင်သောခံစားချက်များကို မြိုသိပ်ထားမှုမရှိ ပြသနေသည်။

ထိုခံစားချက်များသာ သူစိတ်ဝင်စားနေသော လူအပေါ်ဦးတည်မထားလျှင် ဤလူငယ်လေးသည် နတ်သားကဲ့သို့ အရောင်အဝါဖြင့် ဖြူစင်၍ချစ်စရာကောင်းသည်ဟု ယိုဒါထင်မိပေလိမ့်မည်။

သို့သော် ယခုအခါ သူအလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်သလိုသာ ခံစားနေရသည်။

ချင်းယွင်က ရှန်မင်းရယ်၏ မိုက်မဲပီး ချိုမြိန်သောအမူအရာဖြင့် ကောင်းကောင်းဆက်နေနေသည်။ ညစာစားသည့် စားပွဲတွင် ဖုန်းဖေ့မင်အပေါ် သူ့နှလုံးသားကို ရံဖန်ရံခါဖော်ပြနေသော်လည်း သူ့စိတ်ထဲတွင်တော့ ယခုတစ်ကြိမ်တွင် ထိုလူမည်သူဖြစ်လာမည်မှန်း စဉ်းစားနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now