106

6.4K 1.3K 41
                                    

နယ်စပ်မြို့မှ ကြေးစားစစ်သားများသည်လည်း အမှောင်ထဲတောက်ပလာသော အလင်းရောင်ကြောင့် စိတ်အားတက်ကြွကာ တိုက်ပွဲထဲ ဝင်လာပြီး သွေးသံတရဲရဲ တိုက်ခိုက်ကြသည်။သူတို့တစ်ယောက်ချင်းစီက သူတို့၏ကိုယ်ပိုင်အုပ်စု ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲကြိုးစားနေကြသည်။ ဤအရေးကြီးအခိုက်အတန့်တွင် သူတို့၏စိတ်စွမ်းအားများက အများဆုံးအတိုင်းအတာအထိ ထွက်လာကြသည်။

နောက်ဆုံးတွင်တော့ ရှင်သန်ရသည့် အဓိပ္ပါယ်ကို သူတို့ခံစားမိကြပြီဖြစ်ကာ ထိုအသိဉာဏ်က မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန်အတွက် ပို၍အားပေးနေသည်။

မကောင်းဆိုးဝါးစစ်တပ်က အဆုံးမရှိလောက်အောင်များပြားသော်လည်း နယ်စပ်မြို့ငယ်လေးက မကောင်းဆိုးဝါးများ၏တိုက်ခိုက်မှုကို မယုံနိုင်လောက်အောင် ခုခံခဲ့သည်။ ကုသရေးမှော်အလင်းရောင်၏ အောက်တွင် စစ်သည်တော်တိုင်းက ရဲစွမ်းသတ္တိနှင့် ခွန်အားအများ ပြည့်နေသကဲ့သို့ ခံစားကြရသည်။

သူတို့၏အနောက်တွင် အုပ်ချုပ်သူတစ်ယောက်အနေဖြင့် တာဝန်အားလုံးကို သယ်ဆောင်ထားသော၊ သူတို့အား ပံ့ပိုးပေးပြီး၊ သူတို့ကဲ့သို့ တိုက်ခိုက်သူများနှင့် အတူတကွ အလုပ်လုပ်နေသော နူးညံ့ပြီးရဲရင့်သည့်ခန္ဓာကိုယ်လေးရှိကြောင်းကို နောက်လှည့်ကြည့်စရာပင်မလိုဘဲ သိနိုင်သည်။

ညအမှောင်တွင်တောက်ပနေသောအလင်းရောင်က လူတိုင်း၏နှလုံးသားထဲမှ ယုံကြည်ရာဖြစ်လာသည်။

ဤဘက်သို့ ထိုးဖောက်နေသော မကောင်းဆိုးဝါးများသည်ပင် ပဟေဠိဖြစ်လာသည်။ လူသားစစ်သည်တော်များကို ဤသို့သောစွမ်းအားမျိုး ပေါက်ကွဲနိုင်အောင် ပြုလုပ်နိုင်သော မြို့ရိုးပေါ်မှတစ်ယောက်ကို မြင်နိုင်ရန်အတွက် သူတို့မှာ ထိုအားကြီးသော အလင်းရောင်၏ ဖျက်ဆီးနိုင်စွမ်းကို တောင့်ခံကာ အဖြူရောင်အလင်းတန်းအားဖြတ်၍ ကြည့်ရန်ကြိုးစားနေကြသည်။

ထိုစစ်ရေးကျွမ်းသော လူပုလေးများက သူတို့၏လက်ထဲ၌ ရှုံးသွားသော်လည်း ဤလူသားမြို့ငယ်လေး၌ အသန်မာဆုံးခုခံမှုနှင့် ဘာကြောင့်တွေ့ဆုံနေရမှန်းကို သူတို့နားမလည်ချေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now