150

5K 991 22
                                    

အပြင်ဘက်မှ ချင်းမိသားစု၏ဖြစ်ရပ်များနှင့်တကွ ဟုန်ရန်နှင့်အခြားလူများ၏လုပ်ရပ်အား ချင်းယွင်က ရှင်းရှင်းလင်းလင်းမြင်နေရသည်။

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက ကောင်းကင်ဘုံသို့ကြွမြန်းသည့်လမ်းကြောင်းအား ချုပ်ကိုင်ထားသဖြင့် အတော်အင်အားကြီးသော်လည်း ကျင့်ကြံရေးလောက၌ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့်ပက်သက်၍ ဝေဖန်ချက်များစွာ ရှိနေပြီးဖြစ်သည်။ ထို့ကြောင့်ယခုအခါတွင် စုမိသားစုပျက်သုဉ်းမှုက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့် များစွာပက်သက်နေသည်ဟု ကြားကြသောအခါ လျှို့ဝှက်တိမ်တောင်ကြားထဲရောက်နေသော ဂိုဏ်းအသီးသီးမှတပည့်များအားလုံးက ထိုအကြောင်းပြောနေကြပြီး သူတို့၏စကားလုံးများမှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းအား သံသယဝင်သည်ထက်ပိုနေသည်။

နှစ်တစ်ထောင်မျှ ကျိန်ဆဲခံခဲ့ရသော မကောင်းဆိုးဝါးချင်းယွင်က တကယ်ကိုဘာအကြောင်းပြချက်မှမရှိဘဲ အပြစ်တင်ခံနေခဲ့ရခြင်းလား။

ရှိနေသောစုမိသားစုဝင်များ၏ မျက်နှာများသည်လည်း ကြည့်မကောင်းပေ။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောနှစ်များတွင် စုမိသားစုက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့် အလွန်အမင်းနီးကပ်ခဲ့သည်။ သို့ရာတွင် မိသားစုအားတကယ်ပျက်သုဉ်းစေခဲ့သည့် တရားခံမှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းဟု အပြောခံလိုက်ရသည်။

ထို့အပြင် သူတို့ဓားချက်တစ်ထောင်ဖြင့် သတ်ချင်ခဲ့သော ချင်းယွင်က သူတို့၏စုမိသားစုမှကလေးတစ်ယောက်ကို ကယ်တင်ရန်အတွက်ကြားဝင်ခဲ့သည်။

ကျေးဇူးရှင်ကို လူသတ်သမားအဖြစ် ဆက်ဆံခဲ့သော်လည်း တကယ့်ရန်သူအား ကျေးဇူးတင်နေခဲ့သည်။ စုမိသားစုဝင်အားလုံးမှာ မျက်နှာများပူလောင်ကာ ရှက်ရွံ့မိရုံသာမက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းကိုလည်း အလွန့်အလွန်ဒေါသထွက်မိသည်။

အချို့လူများပင် ချင်းယွင်ထမ်းပိုးထားသော ကျန်သွေးထွက်သံယိုကိစ္စများထံတွင် တစ်စုံတစ်ခု မရေမရာ ကလိမ်ကကျစ်ကျမှုများရှိနေမလား တွေးနေကြသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်က ချင်းယွင်အား တိုက်ခိုက်ရန် တပ်ဖွဲ့တစ်ခုချင်းစီအား ဦးဆောင်ခဲ့သည်မှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ အလေးအမြတ်ကျင့်ကြံသူသားတော်များပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now