145.1

7.2K 1.3K 157
                                    

ဖေးလ်က ရွေးချယ်ပွဲ၌ လိမ်လည်သည်ဟု မသင်ကာမှု၊ ကိုယ့်အဖော်သားရဲကောင်အား သတ်ဖြတ်မှုတို့ကြောင့် ဖမ်းဆီးခံလိုက်ရသည်။

အခြားတစ်ဖက်မှ အီလော့စ်ကမူ ထူးချွန်ပြောင်မြောက်ကာ သာမန်ထက်ထူးခြားသော လုပ်ဆောင်ချက်ကြောင့် ကြယ်ကွန်ယက်ပေါ်၌ ကျော်ကြားနေသည်။ သူ့လှုပ်ရှားမှု Screenshot များကို လူများကဆက်တိုက်တင်နေပြီး အကာအကွယ်အား လက်သီးတစ်ချက်တည်းဖြင့် ဖောက်ခွဲလိုက်သည့် လှုပ်ရှားမှုပုံသည်လည်း ပျံ့နှံ့နေကာ ပြည်ထောင်စုသားများထံမှ အားကျလေးစားခံနေရသည်။

သို့သော် လေယာဉ်ပေါ်သို့ သူမတက်သွားခင်တွင်ပြောခဲ့သောစကားများက အန်ဒရီယာအားတိုက်ရိုက်ညွှန်ပြနေသည်။ ဤသည်ကြောင့် အန်ဒရီယာ၏ ပရိသတ်များခုန်ဆွခုန်ဆွဖြစ်သွားကြကာ များစွာတိုးပွားလာသော အီလော့စ်၏ပရိသတ်များနှင့် ကောင်းကင်ကွဲသွားသည်။

ထိုဖြစ်ရပ်များထဲမှ မည်သည်ကိုမှ ချင်းယွင်မသိပေ။ သူက လေယာဉ်ပေါ်၌ ထိုင်နေရင်း နန်းတော်သို့ရောက်လုပြီဖြစ်သည်။

လက်ထဲမှအကြေးခွံကို ရလိုက်သည်နှင့် ဤကမ္ဘာမှစည်းမျဉ်းများ၏ တွန်းကန်မှုက ပျောက်ကွယ်သွားသည်အား ချင်းယွင်ခံစားမိသည်။ စည်းမျဉ်းများက သူ့အားကနဦးတွင် တွန်းကန်ခဲ့သည်မှာ ထိုယောက်ျားအားကာကွယ်ရန်ဖြစ်လောက်သည်ဟု သူတွေးမိသည်။

ယခုအခါတွင် ချင်းယွင်က လက်ထဲ၌တလက်လက်တောက်ပနေသော အကြေးခွံကို ချစ်သူအားတွေ့သကဲ့သို့ကြည့်နေသည်။ သူကအကြေးခွံကို နှဖူးနှင့်ကပ်ထားကာ ညင်သာစွာမေးလိုက်သည်။ " ခင်ဗျား အသက်ရှင်နေသေးတယ် မဟုတ်လား။ ခင်ဗျားက ကျွန်တော့်ကို စောင့်နေမှာမဟုတ်လား။"

အကြေးခွံက ပို၍လင်းလက်ကာ တုန့်ပြန်သည်။

ဤတုန့်ပြန်မှုကြောင့် ချင်းယွင်မှာ အခိုက်အတန့်မျှ မျက်ရည်လည်လာသည်။

အကြေးခွံအား စကားပြောနေသည့် ဤကောင်လေးကိုကြည့်ကာ ဘေးမှစစ်သားများမှာ ထူးဆန်းသည်ဟု မခံစားရဘဲ နှလုံးသားအခြေမှပင် စိတ်လှုပ်ရှားမိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now