153

5.1K 989 39
                                    

ချင်းမိသားစုအိမ်အပေါ်မှ လက်ဝါးရာက ရှိနေသောကျင့်ကြံသူအားလုံးကို နိုးကြားသွားစေသည်။

ဤအံ့အားသင့်ဖွယ်လက်ဝါးရာကို အလေးအမြတ်ကျင့်ကြံသူသားတော်၏ပုံရိပ်ပင် တောင့်မခံနိုင်ချေ။ တစ်ကမ္ဘာလုံးတွင် ဤသို့စွမ်းဆောင်နိုင်သူမှာ လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်က ကောင်းကင်ဘုံမှ ချေမှုန်းခံခဲ့ရသော ချင်းယွင်ပင်။

လျှို့ဝှက်တိမ်တောင်ကြား ပြန်ပေါ်ပေါက်ကာ ချင်းဟုန်ဓားဂိုဏ်း ပြန်လည်တည်ထောင်ပြီးနောက် ယခုတစ်ကြိမ်သည် ချင်းယွင်မှ သူ၏သဲလွန်စကို ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်ပြသခြင်းပင်။

ကနဦးတွင် ဆူဆူညံညံအသံများကြားကာ ချင်းယွင်အား ရှာတွေ့သဖြင့် သတ်ဖြတ်တော့မည်ဟု ပွက်လောရိုက်နေကြသူများမှာ ဤလက်ဝါးအားတွေ့ပြီးနောက် ပါးစပ်ပိတ်ကာတိတ်သွားကြသည်။ ဤမကောင်းဆိုးဝါးအိုကြီးက နှစ်သောင်းချီရှင်သန်နေခဲ့ပြီး ကောင်းကင်ဘုံ၏တိုက်ခိုက်မှုအောက်မှာပင် မသေခဲ့ပေ။ သူယခုပြန်လာ၍ ကလဲ့စားချေသောအခါ မည်မျှသန်မာနေမည်နည်း။

သူသာမန်ရိုက်လိုက်တာလေးကိုတောင် အလေးအမြတ်ကျင့်ကြံသူသားတော်က မယှဉ်နိုင်တာကို မင်းမမြင်လိုက်ဘူးလား။

ချင်းမိသားစု၏ အိမ်အပေါ်ဘက်၌ ဝဲနေကြသော ပုံရိပ်အချို့သည် အောက်ဘက်၌တောက်ပနေသည့် ချင်းမိသားစုအိမ်အား လေးနက်စွာကြည့်နေကြသည်။

ချင်းယွင် ချင်းမိသားစုမှ ထွက်ခွာလာပြီးနောက် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် ချင်းမိသားစုအား ထင်ထင်ရှားရှားကာကွယ်ပေးခြင်းပင်။

ချင်းမိသားစု၏ အနာဂတ်အခြေအနေမှာ ကျိန်းသေပြောင်းလဲသွားလိမ့်မည်။ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမူကား များစွာခက်ခဲပေတော့မည်။

*****

အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ မြေဆီကောင်းသောနယ်ပယ်ရှိ ဂူတစ်ခုမှ အော်သံတစ်သံထွက်လာပြီး ဂူထဲမှယောက်ျားသည် သွေးအန်ချလိုက်သည်။

ဤလူမှာ အယောက်တစ်ရာမြောက် အလေးအမြတ်ကျင့်ကြံသူသားတော်ဖြစ်ပြီး ချင်းယွင်အားသတ်ရန် ကောင်းကင်ဘုံကျင့်ကြံသူအား နှိုးဆော်ကာ ချင်းယွင်ကို ကမ္ဘာအမျိုးမျိုးသို့ ထွက်ပြေးစေရန်တွန်းအားပေးခဲ့သည့် တရားခံလည်းဖြစ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now