154

7.2K 1K 75
                                    

ထိုအချိန်က ချင်းယွင်အား ဝိုင်းထားရာတွင် ပါဝင်ခဲ့သောကျင့်ကြံသူက ချင်းယွင်၏မျက်နှာကို စပ်ဖျဉ်းဖျဉ်းဖြစ်နေသော မျက်လုံးများဖြင့် ထင်ထင်ရှားရှား ကြည့်ပြီးနောက် အလန့်တကြားအော်ကာ တောင်ပေါ်မှပြုတ်ကျသွားကြသည်။

"အဲ့ဒါ ချင်းယွင်ပဲ။ သူက ချင်းယွင်ပဲ။ "

"မူလကောင်းကင်ဂိုဏ်းသား ယွင်ချင်းက သေသွားတဲ့ မကောင်းဆိုးဝါးချင်းယွင်ပဲ။"

စုမိသားစုဝင်များနှင့် အခြားလူများသည်လည်း အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်လေးအားမော့ကြည့်မိကြသည်။

"အရှင်မြတ် ..." ဟုန်ရန်မှာ နေရာတွင်ပင်ပို၍ ကြက်သေသေနေသည်။ ထိုအချိန်တွင် ချင်းယွင်က လျှို့ဝှက်တောင်ကြားထဲ၌ တစ်စုံတစ်ဦးအဖြစ် ဟန်ဆောင်ထားသည်ဟု သူမမျှော်လင့်ပြီးသားဖြစ်သော်လည်း ၎င်းသည် စိတ်ဝိညာဉ်အခြေတည်စအဆင့်သို့ပင် မရောက်သေးသော အငယ်တန်းတစ်ယောက်ဖြစ်မည်ဟု သူမ မထင်ထားပေ။

လူတိုင်း၏ အံ့အားသင့်ကာ ကြောက်လန့်နေသော အကြည့်များနှင့်အတူ ချင်းယွင်က တောင်ထိပ်၌ မားမားမတ်မတ်ရပ်နေသည်။

အလေးအမြတ်ကျင့်ကြံသူသားတော်က တောင်ထိပ်၌ တင်ပလ္လင်ခွေထိုင်နေပြီး ချင်းယွင်ရောက်လာသည်ကို မြင်သောအခါ မျက်လုံးများထဲတွင် ထိန်းမရနိုင်သောအကြောက်တရားထင်ဟပ်လာသည်။

အလေးအမြတ်ကျင့်ကြံသူသားတော်၏ရှေ့၌ ပေါလောပေါ်နေသော အလင်းလုံးကိုကြည့်ကာ ချင်းယွင်နှုတ်ခမ်းတွန့်၍ ဂရုမစိုက်ဟန်ပြုံးလိုက်သည်။ "အချိန်အတော်ကြာပြီပဲ။"

ဤအလေးမထားဟန် လေသံပင်။ သူက သတ်ဖြတ်နေသည်ဖြစ်စေ၊ ခြိမ်းခြောက်နေသည်ဖြစ်စေ ပုရွက်ဆိတ်တစ်ကောင်အား သေသည်အထိနင်းခြေပစ်မည့်ပုံပေါ်သည်။ ဤသဘောထားကြောင့် အလေးအမြတ်ကျင့်ကြံသူသားတော်မှာ နှလုံးသားအောက်ခြေကပင် အေးစိမ့်လာသည်။

"မင်း... မင်းဖြစ်နေတာပဲ။" ကနဦးတွင် မူလကောင်းကင်ဂိုဏ်း၏ ပါရမီရှင်တပည့်ယွင်ချင်းအား သူသေသေချာချာ ဂရုတစိုက် စစ်ဆေးခဲ့သော်လည်း မှားယွင်းသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now