94

8.4K 1.5K 149
                                    

နောက်တစ်နေ့တွင် ချင်းယွင် သူ၏လေးလံသောမျက်ခွံများကိုမကာ ကိုက်ခဲနေသော ခါးကိုကိုင်ရင်း ထထိုင်လိုက်သည်။

အခန်းထဲမှ တိတ်ဆိတ်နေသော နံ့သာမီးဖိုကိုကြည့်ပြီးနောက် ချင်းယွင်နှာခေါင်းရိုးကို ဖိညှပ်မိသည်။ ထိုကျန်းလော်ယန်က ဘာကိုမီးရှို့ရမည်အား မသိပေ။ ဆေး၏အစွမ်းက သိပ်မပြင်းသော်လည်း  အချိန်ကြာကြာစွဲကျန်ရစ်သဖြင့် သူပင်မခံနိုင်ပေ။

သူ့ဘေးမှချီယူက လှုပ်ရှားမှုများကို သတိထားမိကာ အိပ်ချင်မူးတူးဖြင့် သူ၏နွေးထွေးသောခန္ဓာကိုယ်ကို ဖက်ရန် ဟိုစမ်းစမ်းဒီစမ်းစမ်လုပ်နေသည်။ သူ့နှုတ်ခမ်းပေါ်၌ ပျော်ရွှင်နေသောအပြုံးတစ်ခု ပေါ်လာပြီး ထတော့မည့်အချိန်တွင် လည်ဂုတ်ကို ခပ်ပြင်းပြင်းရိုက်ချခံလိုက်ရပြီး အိပ်မောကျသွားသည်။

ထိုယောက်ျား၏ နှုတ်ခမ်းပေါ်မှ အပြုံးက မပျောက်သေးသောအခါ ချင်းယွင်ဒေါသထွက်လာသည်။

မနေ့ညက ထိုယောက်ျားသည် ဆေးစွမ်းကိုအားကိုးကာ သူလိုချင်သမျှအား လုပ်ဆောင်ခဲ့သည်။ ချင်းယွင်က ထုံးစံအတိုင်း 'မင်းသားကြီး' အကြောင်း စနောက်ပြောဆိုခဲ့သည်။ သို့သော် ထိုယောက်ျားက သူ့ကိုဖိအားပေးခဲ့သဖြင့် အနာဂတ်တွင် သူကမင်းသားကြီးအား သတိဖြင့်တားဆီးမည်ဟု ကတိပေးမှသာ ရပ်တန့်ပေးခဲ့သည်။

မနေ့ညက ရှားရှားပါးပါး နူးညံ့မိသည်ကို ပြန်စဉ်းစားမိသောအခါ ချင်းယွင်၏နားထင်မှသွေးကြောများ တဒုတ်ဒုတ်မြည်နေသည်။သူ ထိုယောက်ျား၏ခွေးမျက်နှာကို လက်မြှောက်ကာ ရိုက်လိုက်သည်။ ထို့နောက် မသက်မသာခံစားရသဖြင့် ၎င်းကိုကြမ်းပြင်ပေါ် ကန်ချလိုက်သည်။

ယခုရက်ပိုင်းအတွင်းတွင် ဤယောက်ျားလိမ္မာနေသောကြောင့် သူနှင့်ချီယူတို့အကြားမှ ယှဉ်ပြိုင်မှုက မပြီးဆုံးသေးသည်ကို မေ့နေမိသည်။ တတိယမင်းသားကို စွန့်ပစ်ပြီးနောက် ဤအရူးကြီးက မည်သူအားနန်းတင်ပေးမည်ကို သူသိချင်မိသည်။

ကြမ်းပြင်ပေါ်မှ ယောက်ျားကိုကြည့်ကာ ချင်းယွင်၏ မျက်ဝန်းထဲတွင် ရှက်ဒေါသများ စွန်းထင်းလာသည်။ ထို့နောက် ချင်းယွင် ခပ်မြန်မြန် အဝတ်ကောက်ဝတ်ကာ ဆေးကြောသန့်ရှင်းရန် ဝင်သွားသည်။ သူ့အား ခစားရန်လာသော အစေခံက ကြမ်းပြင်ပေါ်၌ ပစ်စလက်ခတ် လဲကျနေသော ဗိုလ်ချုပ်ကြီးချီကို တွေ့လိုက်ရသည်။ သူမ၏မျက်ဝန်းများ ပြူးထွက်လာသော်လည်း အသံတစ်သံမှ မထွက်ရဲပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOn viuen les histories. Descobreix ara