136

7K 1.3K 17
                                    

ဤပေါက်လွှတ်ပဲစားကြယ်အဖွဲ့အစည်း၏ အာကာသဗဟိုချက်သို့ သူတို့နီးကပ်လာသောအခါ ချင်းယွင်က ဤကမ္ဘာ၏အချက်အလက်အားလုံးနီးပါးကို ရီရွေ့ဟုခေါ်သည့် ကြယ်ဓားပြလေးထံမှ အစ်အောက်မေးပြီးဖြစ်သည်။

ယခုအခါ ရီရွေ့က သူ့အနောက်သို့ လိုက်နေသေးသည်။ သနားစရာကြယ်ဓားပြလေးက ပြတင်းပေါက်မှတစ်ဆင့် အဝေးမြင်ကွင်များအား ကြည့်နေသော ချင်းယွင်ကို မကောင်းဆိုးဝါးတစ်ကောင်အားတွေ့သကဲ့သို့ မျက်လုံးပြူးကြည့်နေသည်။

ဤလူက အဖော်သားရဲအကြောင်းကို မသိရုံသာမက အခြေခံအကျဆုံးအသိတရားနှင့် ဤကမ္ဘာမှ နိုင်ငံရေးဖွဲ့စည်းပုံကိုလည်း မသိပေ။ ထို့အပြင် ရီရွေ့က လူငယ်လေး၏စွမ်းအားကို မျက်မြင်တွေ့ထားပြီးဖြစ်သဖြင့် အထင်သေးသောအကြည့်ဖြင့်လည်း မကြည့်ရဲချေ။ လူငယ်လေးမေးသော မေးခွန်းများကိုသာ ဦးနှောက်ခြောက်လုအောင် စဉ်းစားဖြေနေရသည်။

ချင်းယွင်က ပြတင်းပေါက်အနီးတွင် ရပ်နေရင်း အပြင်မှ အဆုံးမရှိသောကြယ်ကောင်းကင်ကို ငေးကြည့်နေသည်။ ဟုတ်တာပေါ့၊ သူက အနောက်မှ ရီရွေ့၏ ထူးဆန်းသောအကြည့်ကို ခံစားနိုင်ပြီး သူယခင်ရက်အနည်းငယ်က မေးခဲ့သောမေးခွန်းများကလည်း ထူးဆန်းလွန်းနေကြောင်းကို သိသည်။

ချင်းယွင်သာ အလိုရှိပါက သတင်းအချက်အလက်များကို ပတ်ဝန်းကျင်ပါးစပ်များမှတစ်ဆင့် သံလွန်စမကျန် ရယူနိုင်သော်လည်း ယခုအခါ သူစိတ်မပါသကဲ့သို့ ထိုဟန်ဆောင်မှုမျိုးကိုလည်း လုပ်ရန်မလိုချေ။

ဘယ်လိုပင်ဖြစ်စေ ဤကမ္ဘာ၏ စည်းမျဉ်းများသည်ပင် ချင်းယွင်ထံမှ အပြင်းအထန် အချခံလိုက်ရသည်။ သဘာဝကျစွာပင် သူကဤကမ္ဘာမှ အခြားသက်ရှိများ၏ ရှေ့၌ထပ်မံ၍ဟန်ဆောင်စရာ မလိုတော့ချေ။

ထိုယောက်ျားအား ရှာမည်ဟူသောရည်ရွယ်ချက်ဖြင့် သူဤကမ္ဘာသို့ရောက်လာခြင်းပင်။

မည်သို့ပင်ဆိုစေ ဤကမ္ဘာ၌ ထိုယောက်ျားချန်ခဲ့သော အငွေ့အသက်က အလွန်ဖျော့လွန်းရာ ထိုယောက်ျားက ဤကမ္ဘာတွင် တကယ်ရှိနေသလား သို့မဟုတ် ဤနေရာ၌ နေခဲ့ရုံသာ ဖြစ်သလားကို ချင်းယွင် ကံသေကံမ မပြောနိုင်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now