148

5.6K 1K 32
                                    

သက်ရှိအရာကဲ့သို့ဖြစ်နေသော လျှို့ဝှက်တောင်ကြား၏ဖြစ်စဉ်ကို ကြည့်ရင်း ရှိနေသူ စိတ်ဝိညာဉ်အခြေတည်စ လူအချို့၏ မျက်နှာများ ခဏခဏပြောင်းလဲသွားသည်။ နောက်ဆုံးတွင်တော့ ပြင်ဆင်ထားပြီးသား ယွီကျန်းကပင် ဦးဆောင်၍ လျှို့ဝှက်တောင်ကြားထဲဝင်သွားသည်။ "မင်း ကျားဂူထဲမဝင်ရင် ကျားပေါက်ကိုဘယ်လိုလုပ်ရမှာလဲ။ ငါ ယွီကျန်းက မကောင်းဆိုးဝါးအိုကြီးချင်းယွင်ရဲ့ပစ္စည်းတွေကို ကျိန်းသေယူလာမှာ။"

ဟုန်ရန်နှင့်အခြားလူများက ကပ်၍လိုက်သွားကြသည်။

ချင်းယွင်က မျက်လွှာချထားပြီး မျက်ဝန်းများထဲမှ အံ့ဖွယ်ကောင်းသော အလင်းရောင်ကို ဖုံးကွယ်ထားသည်။ လျှို့ဝှက်တိမ်တောင်ကြား၏ အတွင်းပိုင်းအစီအရင်အားလုံးကို သူကိုယ်တိုင် ခင်းကျင်းထားခြင်းဖြစ်ပြီး ယခုပြောင်းလဲမှုကိုလည်း သူအသက်သွင်းလိုက်ခြင်းဖြစ်သည်။

သူက အဓိကဂိုဏ်းကြီးများ၏ တပည့်များ၏နောက်မှလိုက်ကာ လျှို့ဝှက်တောင်ကြားထဲသို့ ယာယီဝင်ပေါက်မှတစ်ဆင့် ဝင်သွားသည်။

တောင်ကြားထဲသို့ရောက်သည်နှင့် ချင်းယွင်က မူလကောင်းကင်ဂိုဏ်း၏တပည့်များအား ရှင်းပြလိုက်သည်။ "လျှို့ဝှက်တိမ်တောင်ကြားက အစီအရင်ပွင့်သွားပြီ။ မင်းတို့တွေ အန္တရာယ်တွေ့တာနဲ့ အပြင်ထွက်ဖို့အတွက် မင်းတို့ရဲ့လက်ထဲကဖြတ်ပိုင်းကို ချက်ချင်းခြေလိုက်။"

ထို့နောက် သူက ဤလူများ၏တုန့်ပြန်မှုကို မစောင့်ဘဲ လျှို့ဝှက်တောင်ကြား၏အတွင်းဘက်သို့ လျှောက်သွားသည်။

သို့သော် လူငယ်ပုံရိပ်တစ်ခုက ရှေ့တိုးလာကာ သူ့ကိုလာတားသည်။ ချင်းယွင် မျက်လုံးမှေး၍ကြည့်လိုက်သောအခါ ဤလူငယ်လေးမှာ စင်ကြယ်ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်ချင်းချန်ဖြစ်နေသည်။

"လမ်းဖယ်စမ်း။" သူက ဤနေရာ၌ ကလေးတစ်ယောက်နှင့် မကစားချင်ပေ။

"မင်းနဲ့ငါ တိုက်ရမယ်လေ။ ဒီတစ်ကြိမ်မှာ လျှို့ဝှက်တောင်ကြားဆီငါလာတာက ရတနာရှာဖို့မဟုတ်ဘူး။ မင်းနဲ့တိုက်ခိုက်ဖို့ပဲ။" ချင်းချန်၏ အမူအရာမှာ ခိုင်မာနေပြီး သူ၏မျက်ဝန်းများတွင်လည်း တိုက်ခိုက်လိုစိတ်များရှိနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now