7

13.4K 1.9K 141
                                    

အပြင်၌ အလင်းရောင် မရှိတော့ သလောက်ပင်။

Qing Yun က သူ့ခန္ဓာကိုယ်အနားမှ လှုပ်ရှားမှု အချို့ကြောင့် နိုးသွားသည်။ Nie Chenyuan ၏ ဆံပင်များနှင့်ခေါင်းက သူ့လည်ပင်းနား ရောက်နေသည်။ ပူနွေးသော အသက်ရှူငွေ့များကို သူ့နားအရင်းနားတွင် မှုတ်ထုတ်နေသည်။

" Baby နိုးလာပြီလား။ "

သူက မျက်လုံးပိတ်ပြီး နှာခေါင်းမှ လေမှုတ်ထုတ်၍ အသံပြုလိုက်သည်။ သူ Nie Chenyuan နှင့်အတူရှိစဉ် ဒီကောင်လေးက လက်ခံနိုင်ဖွယ်မရှိသော ကစားနည်းများကို ကြိုက်နှစ်သက်သည်ပင်။ တစ်နေ့ပြီး တစ်နေ့ *** က Qing Yun အတွက် အတော်လေး ပြင်းထန်လွန်းသည်။

သူက သန်းလိုက်ပြီး ခေါင်းရင်းမှ လက်ကိုင်ဖုန်းကို ယူလိုက်ကာ အချိန်ကြည့်လိုက်သည်။

ငါးနာရီပဲ ရှိသေးတယ်။

သူက မျက်လုံးများကို ခပ်တင်းတင်း မှိတ်လိုက်သည်။ သူ ၂နာရီပဲ အိပ်ရသေးတယ်။ Qing Yun က နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။ သူက Nie Chenyuan ကို အိပ်ရာထဲမှ ကန်ထုတ်လိုက်သည်။

ဘုန်းခနဲ အောက်ကို ကျသွားသော Nie Chenyuan က သူနှင့်အတူကျလာသော စောင်များကို ဘာမှမသိသော မျက်နှာလေးဖြင့် ဆွဲယူလိုက်သည်။ "ဘာမှားနေလို့လဲ။ ကိုယ့်အချစ်လေး။ "

" ထွက်သွား။ " သူ့ခန္ဓာကိုယ်ပေါ်မှ အရောင် အရင့်နှင့် အဖျော့ အမှတ်အသားများကို ကြည့်ပြီး Qing Yun က အံကြိတ်၍ ပြောလိုက်သည်။ "ဒီနေ့ကစပြီး Guwu ပွဲပြီးတဲ့အထိ မင်းအခန်း မင်းပြန်တော့။ "

ထိုသို့ပြောပြီး ခေါင်းအုံးတစ်လုံးကို ဆွဲယူကာ Nie Chenyuan ၏ အလွန်အမင်း အင်အားပြည့်နေသော အပိုင်းကို ချိန်ရွယ်လိုက်သည်။ Nie Chenyuan က အပစ်ပေါက်ခံရပြီး အသက်ရှူရခက်စွာ ညည်းညူလိုက်သည်။ ခေါင်းအုံးက နူးညံ့ပြီး အဆင်ပြေသော်လည်း Qing Yun ၏ ခွန်အားသည် ဟာသတစ်ခု မဟုတ်ပေ။

သို့သော်သူက ဘာတစ်ခုကိုမှ ဂရုမစိုက်ပေ။ သူက အိပ်ရာခင်းကို ဆွဲကာ အားယူပြီး မတ်တပ်ထရပ်လိုက်၍ မေးခဲ့သည်။ "အချစ်ကလေးကလည်း မစနဲ့တော့လေ။ ဒီနေ့ကနေ Guwu ပွဲအထိဆို တစ်ပတ်ကျော်တောင်ကျန်သေးတယ်။ မင်းကိုယ့်ကို ခွင့်ပြု..."

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now