45

11.6K 1.6K 121
                                    

ဤအခန်း၌ လန့်စ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၊ ဘုရင်တစ်ယောက်အနေဖြင့် ကျွန်တစ်ယောက် မဖြစ်လာချင်သော်လည်း သူထိုကဲ့သို့လုပ်ဆောင်ရမည်ပင်။ ထို့ကြောင့် နျင်းချန်ယွမ်က ချင်းယွင်အား ဒူးထောက်ရမည်သာမက စိတ်အတွင်းသောကရောက်နေပုံကိုလည်း ဖော်ပြရမည်။ သူ့ဂုဏ်သိက္ခာနှင့် ခိုင်မာသောတာဝန်ယူနိုင်မှု နှစ်ခုအကြား ပြင်းထန်စွာ လွန်ဆွဲနေပုံအား ဒူးထောက်နေသည့်အတောအတွင်း ပြသနိုင်ရမည်။

ထို့ကြောင့် လန့်စ်က မကျေမနပ်ဖြင့် စိတ်အနှောက်အယှက်ဖြစ်နေသော်လည်း ချင်းယွင်အပေါ် မုန်းတီးစိတ်အား ဝှက်ထားဆဲပင်။

သို့သော် ၎င်းကနျင်းချန်ယွမ်အတွက် အလွန်ခက်ခဲလွန်းသည်။ သူက ချင်းယွင်အား မည်သို့တောင်းပန်မည်၊ မည်သို့ကျေနပ်စေရမည်အား အလေးထားနေသည်။ ထို့ကြောင့် ပထမဆုံးအကြိမ် သူဒူးထောက်သောအခါ 'ပလော့' ကနဲ ဒူးတန်းထောက်လိုက်သည်။ သူ့အရှေ့တည့်တည့်မှ ချင်းယွင်အား ဖမ်းမဆွဲလိုက်ရန်ပင် သူ့ကိုယ်သူ အတော်အားစိုက်ထုတ်ထားရသည်။

သူက အလွန်လွယ်ကူစွာ၊ အလွန်လိုလားစွာ ဒူးထောက်လိုက်သည်။ သူက ချင်းယွင်အား "ခွင့်လွှတ်မှု အသနားခံနေသော " မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်။

၎င်းကအလွန် ရယ်စရာကောင်းသဖြင့် ချင်းယွင်မှာ မရယ်မိရန်အတော်ထိန်းထားရသည်။

ဟေးဒီးက ဘယ်လိုလုပ် ကျေနပ်နိုင်မည်နည်း။ နျင်းချန်ယွမ် ဒူးထောက်နေသည်မှာ အခါ ၂၀ မျှရှိပြီဖြစ်သော်လည်း ဟေးဒီးမှာ တစ်ခါမျှပင် မကျေနပ်သေးပေ။

"နျင်း၊ မင်းက သန်မာတဲ့သူတစ်ယောက်ဖြစ်ရမှာ၊ နားလည်လား။ မင်းက ကျွန်အဖြစ် တွန်းအားပေးခံရတာ၊ လက်ထပ်ခွင့်တောင်းနေတာမဟုတ်ဘူး၊ သိပြီလား။ " ဟေးဒီးမှာ အလွန်ပြောစရာမဲ့သွားသည်။ သူက နှဖူးကိုင်ကာ လှည့်ပတ်နေပြီး ရှင်းပြလိုက်သည်။ " မင်းက မုန်းတီးနေတာ၊ မလိုလားတာတွေကို ဖော်ပြနိုင်ရမှာ၊ အဲ့ဒါက မင်းအတွက် နည်းနည်းခက်ခဲမယ်ဆိုတာ ငါသိပေမယ့်ကွာ..."

ယခုအထိ နျင်းချန်ယွမ်နှင့် ချင်းယွင်ကြားမှ ကွဲလွဲဆန့်ကျင်နေမှုအား ဟေးဒီး ရှာမတွေ့ပေ။ သူ့ကိုယ်သူသာ ပါးရိုက်ချင်မိသည်။ ဒီအခန်းနဲ့စဖို့ ရွေးလိုက်တာ သူဘယ်လောက်တောင်မှားလိုက်သလဲ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now