43

10.2K 1.6K 267
                                    

"ခွေးစုတ် ခွေးနာ"

သူ့အနောက်မှ တစ်ယောက်၏ မျက်နှာအရောင်အား သတိထားမိပြီး ချင်းယွင်၏ နှုတ်ခမ်းက ကွေးတက်သွားသည်။ သူ့အရှေ့မှ တိုက်ရိုက် အဖဲ့ခံလိုက်ရသည့် ရေသောက်နေသော ခွေးပေါက်ကလေးအား ကြည့်လိုက်သည်။

ချင်းယွင်က ရေတိုက်ပြီးနောက် ပြန်လှည့်လာသည်။ နျင်းချန်ယွမ်က လည်ပင်းတောင့်နေသေးပြီး သူ့အရှေ့မှ ပျော်ရွှင်စွာရေသောက်နေသော ခွေးပေါက်ကလေးကို မနာလိုမှု၊ ကြေကွဲမှုဖြင့် သေလောက်အောင် စိုက်ကြည့်နေသည်။

အန္တရာယ်ရှိသော အကြည့်ကိုသတိထားမိသွားပုံပေါ်သော နဂိုက ခွက်ထဲခေါင်းစိုက်ထားသည့် ခွေးပေါက်ကလေးမှာ ခေါင်းမော့ကြည့်လိုက်ပြီး အီလိုက်ကာ ချင်းယွင်နောက် လိုက်သွားသည်။

နျင်းချန်ယွမ်၏ မျက်နှာက ပိုဆိုးသွားသည်။ ချင်းယွင်ကို ဝင်တိုက်လုနီးပါး ပြေးလိုက်သွားသော ခွေးပေါက်အားကြည့်ပြီး လူမသိသူမသိ အံကြိတ်လိုက်သည်။ ထိုခွေး၏ အီသံက ဟန်ဆောင်၍ တိုင်တောနေသံနှင့် တူသည်ဟု သူခံစားလိုက်ရသည်။

နားချိန်ဆုံးသွားသည်အထိ ချင်းယွင်က နျင်းချန်ယွမ်ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူက ခေါင်းသာ ငုံ့ထားကာ ဖုန်းနှင့်ကစားလျှင်ကစား၊ သို့မဟုတ် ဇာတ်ညွှန်းကိုသာ ပြန်ဖတ်နေပြီး တစ်ခါတစ်ရံတွင် သူ့ခြေထောင်နားမှ ခွေးပေါက်ကို စနောက်နေသေးသည်။

နျင်းချန်ယွမ်က စွန့်ပစ်ခံရသည်ဟုပင် ခံစားနေရသည်။

သူက ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် မအောင့်နိုင်တော့ဘဲ ခြေလှမ်းရွှေ့တော့မည့် ဆဲဆဲတွင် ဒါရိုက်တာလီက နှိုးဆော်လိုက်သည်။ "အိုကေ။ နားချိန်ပြည့်ပြီ။ ရိုက်ရအောင်။ ခုနက အခန်းပဲ၊ ချင်းယွင်နဲ့ ပိုင်ရှင်းယန်တို့ နေရာယူမယ်။"

နျင်းချန်ယွမ်: "........."

အတွင်းပိုင်း၌ စိတ်ပျက်နေသော်လည်း နျင်းချန်ယွမ်က ရိုက်ကွင်းအလယ်၌ ရပ်နေသည့် ချင်းယွင်ကြောင့် ချက်ချင်း စိတ်ဝင်စားသွားသည်။

ချင်းယွင်ရှေးဟောင်းဝတ်စုံ ဝတ်ထားသောအခါ လူများအား မလိုက်ဖက်သလို ဘယ်တော့မှ မခံစားစေရသော ထူးခြားသော ဥပဓိရုပ်ရှိသည်။ သူ၏ ကိုယ်ပိုင် ကိုယ်ရောင်ကိုယ်ဝါက ကြည့်သူ၏ အာရုံကို ဖမ်းစားကာ အခြားအရာပေါ် အာရုံမစိုက်နိုင်အောင် ပြုစားနိုင်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now