96

11.1K 1.6K 414
                                    

ဤနန်းတက်ပွဲ အခမ်းအနား၌ အဖြစ်အပျက်စုံနေသည်ဟု ပြော၍ရသည်။ သို့သော် အန္တရာယ်တစ်ခုမှပင် မဖြစ်ခဲ့ပဲ နောက်ဆုံးရလဒ်မှာ အနည်းငယ်ပင် ရယ်စရာကောင်းသေးသည်။

မည်သို့ပင်ဆိုစေ အကြီးဆုံးမင်းသားက နောက်ဆုံးတွင်တော့ ပလ္လင်ပေါ်၌ မြဲမြံသွားသည်ကိုကြည့်ကာ ဝေ့လင်းနှင့်အခြားလူများ သက်ပြင်းချမိသည်။ နန်းတက်ပွဲ ပြီးဆုံးသွားပီးနောက် ဝန်ကြီးများအားလုံးက ပျော်ရွှင်နေသော မျက်နှာများဖြင့် အိမ်ပြန်သွားကြသည်။

ဟုတ်တာပေါ့၊ ဗိုလ်ချုပ်ကြီး ချီယူကတော့ ခြွင်းချက်ပင်။ နန်းတက်ပွဲ မပြီးဆုံးခင်အထိ သူကချင်းယွင်ကို အရာအားလုံး ရှင်းပြရန်မဆိုထားနှင့် အနားပင်ကပ်၍ မရချေ။ အုပ်ချုပ်သူနှင့် လက်အောက်ခံကြားမှ နယ်နိမိတ်က သူနှင့်လူငယ်လေးကြား၌ ပိတ်ဆီးနေသော ကွက်လပ်ဖြစ်သွားပုံပေါ်သည်။

ထိုညတုန်းက ချန့်ကျိုးတွင် သူတီု့အလွန်နီးကပ်ခဲ့သော်လည်း...

*****

ညဉ့်သန်းခေါင်ယံတွင် မီးခိုးဖြင့် ရုတ်တရက်တိုက်ခိုက်ခံရပြီး ဧကရာဇ်အိပ်ခန်းအပြင်ဘက်မှ အစောင့်အကြပ်များ မြေကြီးပေါ်သို့ လဲကျသွားသည်။

အမဲရောင်အရိပ်တစ်ခုက တိတ်တဆိတ် ခိုးဝင်လာသည်။

ဤအမဲရောင်အရိပ်မှာ ကျော်ကြားသော ဗိုလ်ချုပ်ကြီးချီယူပင်။ မြို့တော်သို့သွားရန် ယနေ့တွင် အမိန့်ပေးခံလိုက်ရစဉ်ကတည်းကပင် သူစိတ်ချလက်ချမနေနိုင်သေးပေ။

သူက မြောက်ပိုင်းနယ်စပ်၌ ရေထဲမှငါးကဲ့သို့ ပျော်ပျော်ကြီးနေခဲ့သည်။ ထို့ကြောင့် ဤအမိန့်သည် သူ့အားမထိခိုက်စေသော်လည်း သူကြောက်သည်မှာ လူငယ်လေး၏ သဘောထားပင်။

ဒီနေ့ သူတပ်ဖွဲ့တွေခေါ်လာလို့ လူငယ်လေး ခြိမ်းခြောက်ခံလိုက်ရသလို ခံစားသွားရတာလား။ သူ့လက်ထဲမှ စစ်တပ်က လူငယ်လေးကို ကြောက်ရွံ့စေခဲ့သလား။ သူအလွန်နှစ်သက်သော ရှန့်ဖုန်းက သူ့အားခုခံကာကွယ်ချင်နေသည်လား။

ချီယူ၏ စိတ်ထဲ၌ အတွေးအမျိုးမျိုး ရောထွေးနေသဖြင့် နန်းတော်ထဲသို့ ညဘက်ကြီး၌ အလောတကြီး ဖောက်ဝင်လာမိသည်။ လူငယ်လေးက သူ့လက်ထဲမှ အင်အားကို အနည်းငယ်မကျေမနပ်ဖြစ်နေလျှင် သူ၎င်းကို လူငယ်လေး၏ ခါတိုင်း ဒေါသအကြည့်ဖြင့် လဲပေးနိုင်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now