104

6.3K 1.3K 65
                                    

နယ်စပ်မြို့က လွန်စွာဖြစ်ထွန်းစည်ပင်သည်ဟု ဆို၍မရပေ။ မြို့ဝန်အိမ်တော်၌ အဆင့်အမြင့်ဆုံးကပွဲကို ကျင်းပနေသော်လည်း အထူးသီးသန့်အသရေတင့်သောမြင်ကွင်းများ မရှိပေ။ သို့သော် မြို့သားများက ရိုးရှင်းကာ ကပွဲကိုမြို့ဝန်က ဦးစီးကျင်းပသော်လည်း အရပ်သားများတက်ရောက်နိုင်သော နေရာဖြစ်သည်။

မျိုးနွယ်စုသုံးခုမှ နံပါတ်တစ်အလှလေးကို တစ်ချက်ခန့်ပင် မြင်နိုင်ရန်အတွက် နယ်စပ်မြို့မှ မြို့သူမြို့သားများက မြို့ဝန်၏စံအိမ်သို့အပြေးလာရောက်ကာ အတူတကွစုဝေး၍ တက်တက်ကြွကြွဆွေးနွေးနေကြသည်။

လူပုလေးများနယ်မြေမှလွဲလျှင် နယ်စပ်မြို့က စတူဒီယန်နိုင်ငံတော်၏အစွန်ဆုံးမြို့ဖြစ်သဖြင့် သူတို့ဤသို့စိတ်ပါဝင်စားနေကြသည်မှာ အံ့ဩစရာမရှိပေ။ အတိတ် နှစ်ထောင်ပေါင်းများစွာမှ မှတ်တမ်းများအရ ဤနယ်စပ်မြို့ကို ပြင်ပမကောင်းဆိုးဝါးများက ခဏခဏလာတိုက်ခိုက်ခဲ့သဖြင့် သူတို့၏ဘိုးဘေးဘီဘင်များသည် ဧရာမနဂါးကြီးကို မျက်မြင်တွေ့ဖူးကြသည်။ ယခုအချိန်ထိပင် မြို့ထဲမှ နဂါးရုပ်ထုကိုမဆိုထားနှင့် မြို့ဝန်စံအိမ်မှ အမိုးခုံးပေါ်တွင်ပင် မကောင်းဆိုးဝါးများအား အားများစွာမစိုက်ထုတ်ရဘဲ မောင်းထုတ်နေသော နဂါးပုံစံ ဆေးရေးပန်းချီတစ်ခုရှိနေသည်။

ချင်းယွင်က အခြွေအရံများကို လက်ယမ်းပြလိုက်ပြီး ကြောင်လိမ်လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသောအခါ ကပွဲမှ ထိုအခြင်းအရာကို စောင့်နေသူများ တိတ်သွားသည်။ သူတို့၏မျက်လုံးများမှာ အပြာရောင်ဂါဝန်နှင့်မိန်းကလေးကိုသာ အကြည့်မလွှဲနိုင်ဖြစ်နေကြသည်။

နယ်စပ်မြို့သားများက ကဗျာစာဆိုများထံမှ အတောမသတ်နိုင်အောင် ချီးမွမ်းခံနေရသော မင်းသမီး၏ ပုံပန်းသွင်ပြင်အကြောင်းကို တစ်ခါတက်တက်ကြွကြွဆွေးနွေးပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ မိန်းကလေးငယ်အား သူတို့ပထမဆုံးအကြီမ်အဖြစ် တွေ့လိုက်ရသောအခါတွင်လည်း သူမ၏ရုပ်ရည်ကြောင့် ပင်ပန်းနွမ်းလျမသွားချေ။

အလှပဆုံးအရာများမှာ ထိုအပြာရောင်မျက်ဝန်းများထဲ၌ တောက်ပနေသော ပြတ်သားမှုပင်။ ထိုအကြည့်မျိုးက နယ်စပ်မြို့တွင်သာမက စတူဒီယန်တစ်နိုင်ငံလုံးတွင်ပင် ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် စတူဒီယန်က နဂါး၏ပိုင်နက်ဖြစ်ပြီး နဂါးထံမှကာကွယ်ခံထားရသည်။ ပြင်ပမှသူများ ကျူးကျော်တိုင်းတွင် ဤနိုင်ငံသားများ ပထမဆုံးတွေးသည့်အရာမှာ နဂါးထံ၌ ဆုတောင်းရန်ပင်။ သမိုင်းတစ်လျှောက်လုံးတွင် သူတို့က နဂါးမွေးမြူထားသော ခြံမွေးအကောင်များကဲ့သို့ပင်ဖြစ်ပြီး တိုက်ခိုက်ခြင်းနှင့် မျိုးဖြုတ်ခြင်း စမ်းသပ်စစ်ဆေးခြင်းများအား လုံးဝမတွေ့ကြုံဖူးချေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now