127

7.5K 1.4K 51
                                    

ရှန်ချန်ယွီအား ပစ်မှတ်ထားသူအုပ်စုကို ဝေ့ချန်းရှုက ရှင်းလင်းလိုက်သည့်အတွက် ဤရက်များအတွင်းတွင် ချင်းယွင်သည် အေးအေးချမ်းချမ်း နေနေရသည်။ ဝေ့မိသားစု၏အမွေဆက်ခံခွင့် ပိတ်ပင်ခံထားရသော ဝေ့ရှီအန်းသည်ပင် အဝေးရေခြားမြေခြားသို့အပို့ခံရပြီး ဂီတမြို့တော်၌ လေ့ကျင့်ရေးဆင်းနေရသည်ဟု အယောင်ဆောင်သတင်းထွက်လာသည်။ သို့ရာတွင် ထိုလေ့ကျင့်ရေးကို ဝေ့ရှီအန်းနှစ်သက်သလားကတော့ မသေချာပေ။

ကျောင်းမှ ကျန်ကျောင်းသားများမှာ သူ့အပေါ်မနွေးထွေးဘဲ သူတို့၏ရင်ထဲ၌ အထင်သေးခြင်းနှင့် အခြားခံစားမှုများ ရှိနေသေးနိုင်သော်လည်း အနည်းဆုံးတော့ ညစ်ပတ်သည့်နည်းလမ်းများသုံး၍ ပစ်မှတ်မထားနိုင်ပေ။

ဂုဏ်ထူးဆောင်ပါမောက္ခအသစ်က ရှန်ချန်ယွီအား အလွန်အလေးပေးသဖြင့် သူအား ပစ်မှတ်ထားနေခဲ့သော နည်းပြများသည်ပင် ပါမောက္ခ၏စကားများကို ပွင့်ပွင့်လင်းလင်း မချေပနိုင်ပေ။ ထို့ကြောင့် ယခင်ကနှင့်မတူတော့ဘဲ ရှန်ချန်ယွီ၏နာမည်မှာ လူများ၏အတင်းအဖျင်းများ၊ လှောင်ပြောင်သရော်မှုများ ပါလာသည်မှာ ရှားပါးလာသည်။

သို့သော် ထိုသို့ငြိမ်းချမ်းသောရက်များက တစ်ပတ်ပင် မခံပေ။ ကိစ္စတစ်ခုက ချင်းယွင်အား ရှေ့တန်းသို့ထပ်ပို့လိုက်ပြန်သည်။

နိုင်ငံတကာဂီတပွဲတော်အား လူသိများစေရန်အတွက် ပြိုင်ပွဲကျင်းပရာဌာနက ပရိသတ်၏မှတ်ဉာဏ်များအား အစဖော်ပေးသည့်အနေဖြင့် ပဏာမရွေးချယ်ပွဲကို ပြန်လည်ထုတ်လွှင့်ပေးရုံသာမက ဒိုင်လူကြီးများအား မည်သည့်ပြိုင်ပွဲဝင်ကို စိတ်ထဲ၌ပိုကြိုက်နှစ်သက်ကြောင်း မေးမြန်းခဲ့သည်။

နောက်လာမည့်ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များမှာ ဒေသတစ်ခုစီမှ ပဏာမရွေးချယ်ပွဲ၌ ထိပ်ဆုံးရခဲ့သူများဖြစ်သည်။ ဒိုင်လူကြီးများသည်လည်း ပြောင်းလဲသွားကာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရန် ပို၍ဩဇာရှိသူများကို အစည်းအဝေးလုပ်၍ ရွေးချယ်ခဲ့သည်။ သူတို့ထဲမှ အကျော်ကြားဆုံးမှာ ပဏာမရွေးချယ်ပွဲများ၌ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် တူရစ်နှင့် ၎င်းနှင့်ထပ်တူ ကျော်ကြားသော ရိုဆဖ်တို့ဖြစ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now