114

7.6K 1.5K 84
                                    

ခရူတဖ်က ကြွားဝါရသည်ကို နှစ်သက်သော အရည်အချင်းရှိတယောပညာရှင်တစ်ယောက်ဖြစ်သည်။ သူက ဟိတ်ဟန်ထုတ်ရသည်ကို အလွန်ကြိုက်သဖြင့် ခရူတဖ်ဟူသောအမည်အား ကြားသည်နှင့် လူများသည် ခက်ခဲသောလက်ရာများကိုသာ တွေးမိကြသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့အခက်ခဲဆုံးတယောလက်ရာဆယ်ခုမှ ထက်ဝက်ကျော်မှာ ခရူတဖ်၏လက်ရာများဖြစ်သည်။ သို့သော် နည်းပညာအရ ကျွမ်းကျင်မှုအလိုအပ်ဆုံး 'စီးဆင်းနေသောရေ' မှာ ဆယ်ခုထဲတွင် ဒုတိယနေရာသာရသည်။

ခရူတဖ်၏ မာနကြီးသောစရိုက်ကြောင့် ဂီတနယ်ပယ်၌ ရန်သူအများအပြား ရှိနေသည်ကို ထည့်ပြောစရာပင်မလိုချေ။

မျက်မှောက်ခေတ်တွင် လူများက ထိုတယောနည်းပညာများအစား ဂီတမှသယ်ဆောင်လာပေးသည့် ခံစားချက်များကိုသာ ပိုအလေးပေးချင်ကြသည်။ ထို့ကြောင့်ပင် စာရင်းပြုသူက ပထမနေရာအား ကြီးမြတ်သောတေးရေးများထဲမှ တစ်ယောက်ကိုပေးခဲ့ခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ထိုတေးရေး၏ဘဝ၌ အမြင့်ဆုံးအဆင့်များနှင့် ထိတ်လန့်စရာ အတွေ့အကြုံများကို တစ်ခုပြီးတစ်ခု ခံစားခဲ့ရသည်။ သူ့ဘဝအတွေးအမြင်များကို ဤဂီတလက်ရာထဲတွင် ထည့်ထားပြီး မည်သူကမှ ၎င်း၏ခံစားချက်များအား အပြည့်အဝ သဘောမပေါက်နိုင်ချေ။

ဤလက်ရာကို တင်ဆက်သောအချိန်မှာပင် ခြားနားသောတယောပညာရှင်များက မတူသောအပိုဒ်များကို တီးခတ်ရန်လိုအပ်တတ်သည်။ အပိုဒ်တစ်ပိုဒ်၏ အမြန်၊အနှေးပိုင်းများကို ပုံဖော်ရန်ပင် မတူညီသောသူများ လိုအပ်သည်။

'နတ်ဆိုး၏တုန်ခါသံ'ဟု သိကြသော 'စီးဆင်းနေသောရေ' ၏ လက်ရှိ အခြေအနေမှာ  ဂီတလောက၌ ကျဆင်းလာနေသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာလိုအပ်သည့် အခက်အခဲရှိသော်လည်း '​စီးဆင်းနေသောရေ' မှာ ခရူတဖ်၏ ကျန်သောအစွမ်းပြလွန်းသည့်လက်ရာများနှင့် ဘာမှမကွာဟု အချို့လူများက တဖြည်းဖြည်း အငြင်းပွားနေကြသောကြောင့်ပင်။ 'စီးဆင်းနေသောရေ' မှာ ဒုတိယနေရာအား လက်လွှတ်လိုက်သင့်သည်ဟုပင် အချို့က အကြံပေးကြသည်။

သို့သော် ချင်းယွင်က ထိုသို့မထင်ပေ။ သူ၏ အမြင်တွင် စီးဆင်းနေသောရေ' က ပထမနေရာမှ 'ဒီမေဂျာဂီတ' အောက် မနိမ့်ကျပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now