38

9.6K 1.6K 136
                                    

Bai Xiyan ကအနားကပ်လာသောအခါ Qing Yun ကိုတွေ့လိုက်ရ၍ အံဩသွားသည်။ သူက Qing Yun ဘာ့ကြောင့်ဤနေရာသို့ ရောက်နေရကြောင်း ဇဝေဇဝါဖြစ်နေပုံပင်။ ဤမြင်ကွင်းသည် သူ့အရင်ဘဝက ဖြစ်ရပ်နှင့် ကွာခြားနေသည်။

Qing Yun ကကြောင်အနေသည့် Bai Xiyan ကိုကြည့်ပြီး သိသိသာသာ ဆေးခတ်ခံထားရပုံပေါ်သော သူ့ရှေ့မှလူအား ပြန်ကြည့်လိုက်သည်။ သူက ဤလူ၏ အချက်အလက်ကို သိသွားသည်။ တစ်ချိန်ထဲမှာပင် Qing Yun ၏မျက်ဝန်းများ ဖြည်းဖြည်းချင်း အေးစက်လာသည်။

ShengShi ဖျော်ဖြေရေး၏ ဥက္ကဋ္ဌဖြစ်သော Ning Qianyuan ကသရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီး အနားယူသွားသူဖြစ်သည်။

အရင်ဘဝတွင် မိုက်မဲသော အနုပညာရှင်ငယ်လေးတစ်ယောက်က Ning Qianyuan အားဆေးခတ်ရဲခဲ့သည်။ တစ်ယောက်ယောက်က ထိုကဲ့သို့ အတင့်ရဲမည်ဟု မည်သူမှ မထင်ထားပေ။ ထို့အပြင် မမျှော်လင့်ထားစွာပင် Ning Qianyuan ကဆေးမိသွားခဲ့သည်။

ယခုဘဝတွင် Bai Xiyan ကထိုမှတ်ဉာဏ်ကို မှတ်ထားကာ ဆေးခတ်ခံရသော Ning Qianyuan နှင့်လိုက်တွေ့ခဲ့သည်။

အခွင့်ကောင်းယူရမှာလား။

Bai Xiyan ကထိုမျှ မတုံးအပေ။ အရင်ဘဝမှ Ning Qianyuan ၏မိုးကြိုးပစ်သလို စီစဉ်မှုကြောင့် ထိုသူဤကဲ့သို့သော နည်းလမ်းများကို မည်မျှမုန်းတီးကြောင်း သိရန်မခက်ခဲပေ။ ထို့ကြောင့် Bai Xiyan က မလောင်းရဲပေ။

သူလုပ်ခဲ့သည်က Ning Qianyuan ၏လက်ထောက်ကို ဖုန်းခေါ်ကာ စောစော လာကြိုစေခဲ့သည်။ သူဘာမှ မလုပ်ဆောင်ခဲ့သော်လည်း Ning Qianyuan နှင့် သူ့လက်ထောက်တို့၏ အမြင်တွင် Bai Xiyan ကသူတို့ကို အကူအညီပေးသလို မြင်သွားသည်။

သူ့ကိုအခွင့်ကောင်းမယူဘဲ ကူညီခဲ့သော Bai Xiyan အား Ning Qianyuan ကချက်ချင်း အကောင်းမြင်သွားသည်။

ဤဖြစ်ရပ်သည် အစပိုင်းပဲ ရှိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ Ning Qianyuan က အလုပ်ကြိုးစားပြီး တက်ကြွသော Bai Xiyan ကို အထင်ကြီးလာသည်။ သူက ကြံဆတွေးတောကာ ထောက်ပံ့ပေးခဲ့သဖြင့် ShengShi ၏အရင်းအမြစ်များကလည်း Bai Xiyan ဘက်အလေးသာသွားသည်။

Ning Qianyuan က Bai Xiyan ကိုလာပိုးပန်းသောအခါ သူကထိုကဲ့သို့သော ဥပဒေမဲ့ဆက်ဆံရေးနှင့် အကြပ်ကိုင်မှုများအား မုန်းတီးသဖြင့် Ning Qianyuan အား ကူညီခဲ့ခြင်းဖြစ်ရာ သူ့ကို ကျေးဇူးတင်စရာမလိုဘူး ဟုပြောခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now