158 (Extra)

5.8K 1K 22
                                    

"ရတယ်လေ။ မင်းကြိုက်တဲ့ မနက်ခင်းလက်ဖက်ရည်ဆိုင်မှာ သွားသောက်ရအောင်။"

ချင်းယွင်၏ အရှေ့တွင် ယန်လင်ဟောက်က အမြဲတမ်း ဣန္ဒြေရသည်။ ယနေ့မနက်မှ မူမမှန်သည့်လုပ်ရပ်မှာ ရုတ်တရက်အိမ်ပြန်ရောက်လာသော ကုချင်းကြောင့် လန့်သွား၍ဖြစ်လိမ့်မည်။ ထို့ကြောင့် ချင်းယွင်ထိုနေရာ၌ မရှိခဲ့သော်လည်း သံသယမဝင်ပေ။ သူယန်လင်ဟောက်၏ ပြောစကားကို မြန်မြန်လက်ခံလိုက်သည်။

ကုချင်းက ဟိုဟိုဒီဒိကြည့်နေရင်း ရုတ်တရက်မေးလာသည်။ "အစ်ကိုချန်း၊ ညီမအခန်းကဘယ်မှာလဲ။ ညီမတစ်ချက်လောက်ပြန်ကြည့်ချင်တယ်။"

ကုချန်း၏ သူမအပေါ်သဘောထားက တကယ်ပြောင်းလဲသွားသလား၊ သို့မဟုတ် စိတ်ဆိုးနေရုံပဲလားဆိုသည်ကို စောင့်ကြည့်ရန်အတွက် ကုချင်း ဤအိမ်တွင် ရက်အနည်းငယ်မျှနေချင်သည်။ သူမ ကုချန်းအား ယခင်ကကဲ့သို့ ချော့မော့လိုက်လျှင် ကုချန်းသည် သူမအား ပြန်ချစ်ခင်လာလိမ့်မည်။

မမျှော်လင့်ထားသည်မှာ သူမ၏အမေးကိုကြားပြီးနောက် ကုချင်းပြန်မဖြေရသေးစဉ်မှာပင် သူမအားဤမနက်ကလေးတင် မောင်းထုတ်ခဲ့သည့် ကောင်လေးက အေးစက်စက်ပြောလာသည်။ "ဟင့်အင်း။ မြေညီထပ်ကဧည့်ခန်းပဲ။ ဒုတိယထပ်မှာ ကျွန်တော်နဲ့ကိုကို့အတွက် အခန်းကလွဲပြီး အားလုံးကိုသေနတ်ပစ်ခန်းနဲ့ အားကစားခန်းအဖြစ်ပြောင်းလိုက်ပြီ။ တတိယထပ်က ကိုကို့ရဲ့စာကြည့်ခန်းပဲ။"

ကုချင်း၏စကားများကို ကြားသောအခါ ယန်လင်ဟောက်၏ခေါင်းကြီးထူပူသွားသည်။ ဒီမိန်းမက ဘာပြောချင်နေတာလဲ။ သူမက ဒီအိမ်မှာ နေချင်သေးတာလား။

ကုချင်း မှင်တက်နေချိန်တွင် ချင်းယွင်၏အေးစက်စက်ပြောသံကို ကြားလိုက်ရသည်။ "မင်းပြန်မလာတာ ဆယ်နှစ်လောက်ရှိပြီ။ "

ထိုသို့ပြောပြီးသည်နှင့် ချင်းယွင်ဧည့်သည်အားပြန်ပို့သည့် လက်အမူအရာမျိုး လုပ်ပြလိုက်သည်။ သူဂျက်ကတ်အား ကိုင်ထားရင်း ဘယ်ကထွက်လာမှန်းမသိသည့် ကောင်လေးအား မနက်စာလိုက်ကျွေးရဦးမည်။

သူ ကုမိသားစုအိမ်ကနေထွက်သွားပြီး ကုချန်း၏ကားက အဝေးသို့ ရောက်သွားသည်ကို တွေ့ပြီးမှ ကုချန်းတကယ်ပြောင်းလဲသွားသည်ကို ကုချင်းသဘောပေါက်သွားသည်။ သူက ယန်ယိရှန်ထက် ပိုသန်မာကာ ကိုင်တွယ်ရန်ခက်ခဲသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now