140

6.5K 1.2K 97
                                    

ချင်းယွင်က အန်ဒရီယာဝင်သွားသောလေယာဉ်ကို စဉ်းစဉ်းစားစား တစ်ချက်ကြည့်ပြီးမှသာ ထွက်လာခဲ့သည်။ သူယနေ့တွေ့ခဲ့သော ဗိုလ်ချုပ်ကြီးနှင့်ပက်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသော်လည်း ထပ်စူးစမ်းကြည့်သောအခါ မလျော်ကန်မှုကပျောက်ကွယ်သွားသည်။

အန်ဒရီယာက လေယာဉ်ထဲ၌ ထိုင်ကာ လက်ထဲမှအကြေးခွံအား ကြည့်လိုက်သည်။ ဤအကြေးခွံမှ ဆက်တိုက်ထွက်လာနေသော ခြိမ်းခြောက်နိုင်စွမ်းကြောင့် သူသာမန်ကာလျှံကာသဘောထားဖြင့် မမှတ်ယူနိုင်ပေ။

သူက အကြေးခွံကို ထိပ်သီးအဆင့်စွမ်းအင်အကာအကွယ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူတစ်စုံတစ်ခုကို တွေးမိသွားသဖြင့် လက်အောက်ငယ်သားတစ်ယောက်ကို ဆက်သွယ်ရေးစက်ဖြင့် စာတိုပို့လိုက်သည်။ "ငါဖေးလ်အတွက် ပြင်ထားတဲ့လက်ဆောင်ကို ပို့ပေးလိုက်။"

*****

အီလော့စ်က ဂလဒ်မိသားစုသို့ ပြန်လာပြီမှန်းမသိသေးသည့် ဖေးလ်သည် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အကုသခံနေသည်။

သူ၏နောက်ကျောတွင်မူ သွေးထွက်နေသော ဧရာမ အမာရွတ် တစ်ခုရှိသည်။ ၎င်းကကြောင်ပုံသဏ္ဍာန်ပင်။ ယခုအခါ ဆရာဝန်များ၏ ခွဲစိတ်ကုသမှုကြောင့် ဤအမာရွတ်မှာ တဖြည်းဖြည်းပျောက်ကွယ်လာသည်။

လုပ်ငန်းစဉ်မှာ သိသိသာသာကို နာကျင်ရပြီး ဖေးလ်၏မျက်နှာတစ်ခုလုံး ရှုံ့တွနေသည်။

"ဒါက ယာယီသက်သာသွားတာပဲ။ အမာရွတ်လုံးဝပျောက်သွားချင်ရင် မင်းအနည်းဆုံးခြောက်လလောက်ကုသဖို့လိုမယ်။" ဆရာဝန်ကဖေးလ်ကိုပြောလိုက်သည်။

အဖော်သားရဲကောင်နှင့် ဆက်နွယ်သူ၏ကြားမှ ချည်နှောင်မှုမှာ သန်မာလွန်းသဖြင့် သေအတူရှင်အတူဟု ပြော၍ပင်ရသည်။ ဖေးလ်သည် အဖော်သားရဲကောင်ကို အောင်အောင်မြင်မြင် သတ်ကာ သူအသက်ဆက်ရှင်ရန်အတွက်မူ ဆေးများသုံးခဲ့သော်လည်း ဤအမာရွတ်မှာ သူပေးရမည့်တန်ဖိုးပင်။

ဆရာဝန်၏ စကားအရ အမာရွတ်ပျောက်ကွယ်သွားလျှင်ပင် နာကျင်မှုက ဖေးလ်နှင့် တစ်သက်တာလုံး အတူရှိသွားလိမ့်မည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now