68

7.9K 1.4K 92
                                    

" စိတ်ဆိုးနေတာလား။ " ဖုန်းဖေ့မင်က သူ့ကိုကျောပေးကာ အိပ်ချင်ယောင်ဆောင်နေသော လူငယ်လေးအနားသို့ တိုးလာကာ နူးနူးညံ့ညံ့ မေးလိုက်သသည်။

ချင်းယွင်၏ နှာမှုတ်ထုတ်သံလေးထွက်လာသည်။ ရှန်မင်းရယ်က မတုံးအပေ။ ဖုန်းဖေ့မင်က တစ်ညလုံးအပြင်ထွက်နေရာ တစ်ခုခုမှားယွင်းနေကြောင်း သူသတိမထားမိတာ မဖြစ်နိုင်ပေ။

သို့သော် ထိုအချိန်မှာပင် ဖုန်းဖေ့မင်၏ ယုတ်မာတတ်သောအကျင့် ထပ်ပေါ်လာသည်။

သူက ရှန်မင်းရယ်ဖော်ပြနေသော ခံစားချက် အစစ်အမှန်များကို လက်မလွှတ်နိုင်သလို၊ သူ့နှလုံးသားကိုလည်း မပေးချင်ပေ။ ရှန်မင်းရယ်၏ ရည်ရွယ်ချက်ကို မလိုမုန်းထားစိတ်ဖြင့် ခန့်မှန်းနေစဉ်တွင် တတ်နိုင်သမျှ ကြင်နာစွာဆက်ဆံပြကာ ရှန်မင်းရယ်၏ ရိုးသားသောနှလုံးသားကို အပျော့ဆွဲ ချော့မော့နေသည်။

" မနေ့ညက မင်းရဲ့မွေးနေ့မှန်း ကိုယ်သိလို့ မင်းကိုအံ့ဩသွားအောင် လုပ်ပေးချင်ခဲ့ပေမယ့် မိသားစုထဲ ရုတ်တရက်ပြဿနာတက်လာလို့ပါကွာ။ မှာတဲ့နေရာမှာ သဘောထားကွဲလွဲတာလေးဖြစ်သွားလို့ မင်းအတွက် အထူးမှာထားတဲ့လက်ဆောင်က နည်းနည်းနောက်ကျသွားတယ်။ "

လိမ်ညာစကားများက အတော်ချောမွေ့သည်။ သို့သော် ဖုန်းဖေ့မင်က သူ့ကိုချော့ရန် ဤသို့မုသားများပင် စာစီလိုက်ရသည်။ ၎င်းဖြစ်ရပ်မှာ ချင်းယွင်က တာဝန်လုပ်ဆောင်ရာတွင် အနည်းငယ်အသာစီးရနေသည်ဟု အဓိပ္ပာယ်ရသည်။

ချင်းယွင်၏ မျက်ဝန်းထဲ၌ လှောင်ပြောင်လိုသော အရိပ်အရောင်ထင်ဟပ်လာသော်လည်း သူ့အသံထဲတွင် စိတ်သက်သာရာရသွားသည့်အသံ ရောယှက်နေသည်။ "တကယ်လား။ "

"ဒါပေါ့။ တကယ်ပြောနေတာ။ မင်းအတွက် ကိုယ်ပြင်ဆင်ထားတဲ့လက်ဆောင်က မနက်ဖြန်လောက်ဆို ရောက်လောက်ပြီ။ အဲ့တော့မှ မင်းသဘောကျလား ကြည့်ကြည့်လေ။ " ဖုန်းဖေ့မင်က ရိုးသားသော လူငယ်လေးကို စိတ်ရှည်လက်ရှည် ချော့နေသည်။ ယခုတစ်ကြိမ်သည် သူစိတ်ပါလက်ပါဖြင့် ဤအရာမျိုး လုပ်ဆောင်ဖြစ်သော ဒုတိယအကြိမ်ပင်။ ပထမဆုံးတစ်ကြိမ်သည် သူပတ်တာဆန်မိသားစုသို့ ပထမဆုံးရောက်သော အချိန်ကဖြစ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now