21

10.6K 1.6K 20
                                    

Qing Yun ၏ခြေထောက်နှစ်ချောင်းက Zou Chen ၏ ခါးတွင်ဖက်ထားပြီး၊ သူက ပိုတိုးကပ်သွားကာZou Chen၏ကော်လံကိုကိုင်၍ တစ်ခုခုပြောလိုက်သည်။

သူတို့နှစ်ယောက် ဘာပြောနေမှန်း Zou Qiyao မသိသော်လည်း ထိုအခိုက်တွင် သူဘယ်သူဆိုတာနှင့် ဘယ်နေရာရောက်နေသည်ဆိုတာကို မေ့သွားပြီး ရေရွတ်လိုက်သည်။ "အစ်ကိုကြီး"

Zou Chen ၏ မျက်လုံးများက သူစကားများကြောင့် မဲမှောင်သွားသည်။

Qing Yun ၏မျက်လုံးများက ပို၍ပင်အေးစက်သွားသေးသည်။ သူက Zou Qiyao လူပြက်တစ်ယောက်ကဲ့သို့ မျက်စိလာနောက်နေတာကို သည်းခံနိုင်သေးသော်လည်း သူနေသောနေရာကို အတားအဆီးမရှိ ဝင်ထွက်သည်အား လက်မခံနိုင်ပါ။

Zou Qiyao ကသူ့ကိုထပ်ကာထပ်ကာ စော်ကားပြောဆိုခဲ့သော်လည်း Qing Yun ဘာမှ အကွက်မရွှေ့ခဲ့ပေ။ သူက Zou Chen ကိုင်တွယ်နိုင်မည်ဟု တွေးထားသော်လည်း သူအထင်ကြီးမိပုံပင်။

Qing Yun၏ ခံစားချက်ကို ပါးပါးနပ်နပ် သတိထားမိသော Zou Chen က ပျာယာသွားပြီး ဟင်းမွှေဇွန်းက ကြမ်းပြင်ပေါ် ဘန်းခနဲ ပြုတ်ကျသွားသည်။

"Chengnuo ကိုယ်ရှင်းပြတာကို နားထောင်ပါဦး။ " Zou Chen က သူ့လက်များဖြင့် Qing Yun ကို လျင်လျင်မြန်မြန် ဖက်လိုက်သည်။

Qing Yun ကဟက်ခနဲ ရယ်လိုက်ပြီး သူ့လက်မောင်းများဖြင့် Zou Chen ၏လည်ပင်းကိုဖက်ထားသည်။ သူ၏ ကျောက်စိမ်းကဲ့သို့ လက်ဖဝါးလေးများက Zou Chen ၏ မေးစေ့ချွန်ချွန်ကိုပါ ပွတ်နေသော်လည်း သူ၏ မျက်ဝန်းများက နားလည်ရ တဖြည်းဖြည်း ခက်လာသည်။

Zou Chen က စိတ်လှုပ်ရှားသွားသည်။ အနည်းငယ်သော အာရုံစိုက်မှုကိုပင် ထိုငေးကြောင်နေသော Zou Qiyao ဆီမပေးနိုင်ပေ။

"Oh ကျွန်တော် သူ့ကို ၂ခါတွေ့ဖူးတယ်။ ဒီတော့ သူက Zou ရဲ့အနှစ်သက်ခံရဆုံး ညီအစ်ကိုပေါ့။ " Qing Yun က Zou Chen ၏ မေးလေးကို ကိုင်ပြီး တီးတိုးပြောလိုက်သည်။

"အရမ်းကောင်းတယ်။ ဒါဆို ခင်ဗျားဘဝရဲ့ လက်ကျန်အချိန်တွေကို baby ညီလေးနဲ့ပဲ ကုန်ဆုံးလိုက်တော့။ " သူ့အသံက ထက်ရှသွားသည်။ Qing Yun က သူ့ပေါ်မှ Zou Chen ၏လက်မောင်းများကို ဖယ်ပြီး ဆိုဖာပေါ်မှ ဂျက်ကက်ကို ဆွဲယူကာ ထွက်သွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now