3

17.1K 2.2K 96
                                    

ဆံပင်များ မီးခိုးရောင်ပြောင်းနေသော်လည်း စိတ်ဓာတ်တက်ကြွနေသေးဟန်ရှိသော လူအိုကြီးတစ်ယောက်က အမဲရောင်ဝတ်ထားသည့် သက်တော်စောင့် ၂ယောက်အား အနောက်တွင်​ ခြံရံလျက် ဝင်လာသည်။

"အဖိုး..."

နျင်းချန်ယွမ်က မမျှော်လင့်ထားသည့် ဧည့်သည်များရောက်လာသဖြင့် အနည်းငယ် အံအားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မင်း နားနေခန်းထဲ အကြာကြီးဝင်သွားပြီး မထွက်လာတော့ ဘာများဖြစ်နေလဲ လာကြည့်တာ။"

နျင်းစုန်ပင်းက ဆိုဖာနားသို့ တုတ်ကောက်အကူဖြင့် လျှောက်လာကာ နျင်းချန်ယွမ်အား လျစ်လျူရှုပြီး ချင်းယွင်ကိုသာ မျှော်လင့်ချက်ကြီးစွာ ငေးနေသည်။ "ဒီလူငယ်လေးက ချန်ယွမ်ရဲ့ သွေးကြောမကြီး ပြဿနာကိုများ ပိုပြီးရှင်းလင်းပေးနိုင်မလား။"

ဒါပေါ့၊ သူ့မြေးက ထိုလူများအား ဘာ့ကြောင့်မောင်းထုတ်နေသည်ကို သူသိသည်။ နျင်းချန်ယွမ်၏ ပိတ်နေသောသွေးကြောမကြီးနှင့် ပက်သက်၍ ကျော်ကြားသော သမားတော်များစွာကို သူတို့ ပြသဖူးသော်လည်း ယခုအထိ တစ်ယောက်မှ မကူညီနိုင်သေးပေ။ အခြေကောင်းကောင်းခိုင်သော ကျင့်ကြံသူကမှ သူ့မြေးလေး၏ သွေးကြောများကို ကုသပေးနိုင်မည်ဟု သူ့ကို ပြောကြသည်။

ကုဝုလောကတွင် ကြီးမြတ်သော အဆင့် ၂ဆင့်ရှိသည်။ ပထမ တစ်ခုကို 'နောက်ဆုံးသောကောင်းကင်ဘုံ' ဟုခေါ်ကြသည်။ ၎င်းကို အဆင့် ၁၀ ဆင့် ခွဲထားသည်။ ဒုတိယတစ်ခုကို 'ပထမကောင်းကင်ဘုံ' ဟုခေါ်ပြီး စွမ်းအားအကြီးဆုံးအဆင့်ဖြစ်သည်။ အဆင့်၂ဆင့်ကြားတွင် အလယ်အလတ်ဖြစ်သော ဗဟိုကောင်းကင်ဘုံ က အဆင့်ကြီး၂ခုကို ဆက်စပ်ပေးထားသည်။

မည်သို့ပင်ဖြစ်စေ ဤရာစုနှစ် ၁ခု သို့မဟုတ် ၂ခု အတွင်းတွင် ပထမကောင်းကင်ဘုံအဆင့်သို့ ရောက်သူ တစ်ယောက်မှမရှိသေးပေ။ အနည်းအကျဉ်းသာ ဗဟိုကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိကြသည်။ ကံဆိုးသည်မှာ ထိုသူများက ပထမကောင်းကင်ဘုံသို့ ထိုးဖောက်ဝင်ရောက်ရန်သာ အပတ်တကုတ် ကြိုးစားနေကြပြီး နျင်းချန်ယွမ်ကို ကုသပေးရန် အင်အားအကုန်မခံချင်ကြပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးМесто, где живут истории. Откройте их для себя