၄။ လင်းအိမ်တော် - ၁

2.8K 270 1
                                    

အခန်း(၄) လင်းအိမ်တော် - ၁

လျှို့ဝှက်လူက သူ၏ မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူ့စိတ်ခံစားချက်များကို တည်ငြိမ်အေးဆေးအောင် ကြိုးစားယူလိုက်သည်။ နက်ရှိုင်းသည့် ခရမ်းရောင် မျက်လုံးများက သူ့ကို အေးစက်စက် စိုက်ကြည့်နေသဖြင့် သူ့တကိုယ်လုံးက အေးခဲသွားလုမတတ်ပင်။ သူမ၏ တည်ငြိမ်အေးဆေးသည့် အမူအရာကို သူက လှုံ့ဆော်ပြီး သူမ၏ တည်ငြိမ်နေမှုကို ဗြောင်းဆန်အောင် လုပ်ပစ်ချင်နေ၏။ သည်မိန်းကလေးက မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် သည်လို အခြေအနေမျိုးမှာ သည်လောက် တည်ငြိမ်အောင် မည်သို့ နေနိုင်ရသနည်း။

မစိုးရိမ်ပါနဲ့, ငါ မင်းကို မသေစေရပါဘူး သူက ညင်သာစွာ ပြောသည်။

ကျမကို အိမ် ပြန်ပို့ပေး သူမက ပြန်ပြောသည်။

သူမ၏ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာများကို သုံးသပ်ချက်အရ အကောင်းဆုံး အနေအထားက သူ့ကို အသုံးပြုပြီး သူမကို သူမပိုင် အိမ်သို့ ပြန်ပို့ခိုင်းခြင်းပင် ဖြစ်၏။

သူက ဆိုးယုတ်ညစ်ပတ်သော အပြုံးဖြင့် ကိုယ်ကို အောက်သို့ ညွတ်ကိုင်းကာ ဝုရှီ၏ မျက်ခုံးနှစ်ခုကြား တည့်တည့်ကို နမ်းရှုံ့လိုက်သည်။

မင်း အလိုအတိုင်းပါပဲ သူက သဘောကျစွာ ပြော၏။

ဝုရှီ၏ ခန္ဓာကိုယ်အနက်ပိုင်းတွင် ပုန်းအောင်းနေသည့် အညိုရောင် ကြောင်‌လေးက အံ့သြမှင်တက်သွားသည်။ သခင်မလေးက ဒီလိုတော့လည်း ကောင်းကောင်း အသုံးချတတ်တာပဲ

====================================================

ဂျန်ဝုရှီက အမှောင်ထဲသို့ တိုးဝင်လျက် သူမပတ်ပတ်လည်က တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်လာတော့သည်။ နောက်ဆုံးတွင် သူမက မျက်တောင် တဖျတ်ဖျတ်လှုပ်ခတ်လျက် မျက်လုံးပွင့်လာသည့်အခါမှာ သူမက တန်ဖိုးကြီးပစ္စည်းများဖြင့် အလှဆင်ထားသည့် အခန်းထဲဝယ် သန့်ရှင်းနွေးထွေးသော အိပ်ရာပေါ်မှာ နိုးထလာတာကို တွေ့ရှိလိုက်သည်။

အဖြူရောင်ဆံပင်များနှင့် အဖိုးအိုက သူမ အိပ်ရာဘေးတွင် ထိုင်နေပြီး သူမ နိုးထလာတာကို တွေ့မြင်လိုက်လျှင် သူ၏ မျက်နှာတခုလုံးက လင်းလက်လာကာ အံ့အားသင့်စွာ ပြောဆိုလာသည် အရူးမလေး, နင် နောက်ဆုံးတော့ နိုးလာပြီပေါ့၊ နင့်အဖိုးကို ကြောက်လန့်အောင် မလုပ်ပါနဲ့ဟ...

ပါရမီရှင်သမားတော်Where stories live. Discover now