၆၄။ ညစာစားပွဲ - ၆

1.5K 161 12
                                    

၆၄။ ညစာစားပွဲ - ၆

ချင်းယန်ကလန်၏ အဓိပတိသည်ပင် မကုသပေးနိုင်လျှင် သည်ကမ္ဘာမှာ မည်သူက ကုသပေးနိုင်မည်နည်း။

ဘိုင်ယန်ရှင်းအန်၏ စမ်းသပ်စစ်ဆေးချက်က ဘုရင်ကြီးကို သက်သာရာ ရစေသည်။ သူက ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလို ခံစားလိုက်ရသည်။

ဂျန်ရှင်းယန်က ဘုရားတပြီး ဖြူရော်နေသည့် မျက်နှာဖြင့် တိတ်ဆိတ်စွာသာ သူ့ထိုင်ခုံမှာ ထိုင်နေသည်။ ထိုလူများက သူတို့၏ ထက်ရှသော မျက်လုံးများဖြင့် ဂျန်ရှင်းယန်၏ ဝိုက်ခွက်ကိုင်ထားသော လက် တုန်ယင်နေတာကို သတိပြုမိကြသည်။

‘ဂျန်ချင်းအခြေအနေက တကယ့်ကို မျှော်လင့်ချက် မရှိတော့ပုံပဲ၊ ကြည့်ပါလား, ဂျန်ရှင်းယန်ရဲ့ လက်တွေတောင် တုန်နေတာလေ။’ သူ့လက်များက တကယ့်ကို တုန်ယင်နေကြသည်။ သို့သော် သူတို့ စိတ်ထဲမှာ မည်သို့မျှ မတွေးမိတာက... ဝမ်းနည်းပူဆွေးလို့ တုန်ယင်နေတာမဟုတ်ဘဲ သူ့ရယ်ချင်စိတ်ကို မနည်းထိန်းထားရလို့ တုန်ယင်နေတာ ဖြစ်သည်ဟူ၍။

သည်အနေအထားကို လျှို့ဝှက်ထိန်းထားရမည့် အခြေအနေမှာသာ မဟုတ်လျှင် သူက တစ်လောကလုံးကြားအောင် အော်ပြောမိမှာ ဖြစ်သည်။ သူ့သားအဆိပ်ကို သူ၏ ကြက်သရေထွန်းလင်းသည့် မြေးမလေးကိုယ်တိုင် ဖယ်ရှားပစ်လိုက်ပြီဟူ၍ သူက ကြေညာပစ်လိုက်ချင်သည်။ ထို့ပြင် သူ့သားက မကြာခင်မှာပင် လမ်းပြန်လျှောက်နိုင်တော့မည့်အကြောင်းကိုပါ မောင်းခတ်ပစ်လိုက်ချင်သည်။ ချင်းယန်ကလန်တဲ့လား.... ရိုးလွန်းလို့..... သွားစမ်းပါ......

ချင်းယန်ကလန်အဓိပတိပင် မတတ်နိုင်သည့် အဆိပ်ကို သူ့မြေးမလေးကတော့ သာသာထိုးထိုးဖြင့် ဖယ်ရှားပစ်လိုက်သည်။ မြင့်မြတ်သည့် သူ့ဆရာ ညွှန်ကြားမှုဖြင့် ဖယ်ရှားပစ်ခြင်းဖြစ်သည်။ ‘ဒီဘိုင်ယန်ရှင်းအန်က တကယ့်ကို ပြောရဲတာပဲ... သူ့ဆရာ ဆေးကုတာ အကောင်းဆုံး, သူ့ဆရာ မကုနိုင်ရင် ဘယ်သူမှ မကုနိုင်ဘူးတဲ့..ဟမ့်...’

ပါရမီရှင်သမားတော်Where stories live. Discover now